Channel Myanmar

Kim Jae-rok

Dust and Ashes (2022) 2.9
Dust and Ashes (2022) Dust and Ashes (2023)"ဘဝရဲ့မီုးခိုးငွေ့များ"ဘဝဆိုတာ ရုန်းကန်နေရသူအဖို့ ပြဿနာ အစိုင်အခဲကြီး ဆိုပေမဲ့ အဆုံးသတ်သွားတဲ့လူကတော့ မီးသင်္ဂြုလ်ပြာချပြီးတဲ့အချိန်မှာ ပြာမှုန်တွေပဲ ချန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့ပြာမှုန်တွေကို ပိုက်ထွေးပြီး သူထားရစ်ခဲ့တဲ့တဲ့ အခိုးအငွေ့တွေကို ရှင်သန်ရတဲ့လေအဖြစ် ရှူရှိုက်အသုံးချနိုင်ဖို့ ကျန်ရစ်သူတွေက ကြိုးစားရပါတယ်။ဒီဇာတ်ကားမှာတော့ အဓိက ဇာတ်ကောင်အမျိုးသမီး ဟယ်ဆူးက မိသားစုအတွက် အလုပ်မျိုးစုံလုပ်ပြီး တစ်နေကုန် ရုန်းကန်လှုပ်ရှားနေရသူပါ။ တစ်နေ့မှာတော့ သူမရဲ့မိခင်ဖြစ်သူက ဆွဲကြိုးချပြီး သတ်သေသွားခဲ့ပါတယ်။ အမေဖြစ်သူထားခဲ့တဲ့ အသက်အာမခံကြေး ရရှိဖို့ စုံစမ်းသူ နဲ့ အာမခံကုမ္ပဏီကြား သူ ဘာတွေ လှုပ်ရှားရတယ်ဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 522MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... SanDaKuu Encoder ..... Aaron
movie

Dust and Ashes (2022)

2022
(18+)Buddy’s Mom (2015) 4.8
(18+)Buddy’s Mom (2015) ကိုးရီယား နုနုရွရွလေးတွေကို ခံစားကြည့်ရအောင် လောကဓံတွေကြောင့် အရွယ်နဲ့ မမျှအောင်တည်ငြိမ်နေတဲ့ အသက်ရွယ်ကောင်း အမျိုးသမီးတစ်ယောက်ရယ် သွက်လက်ဖျက်လက်ပြီး အရာရာမှာဦးဆောင်ပြီး ပျော်ပျော်နေတက်တဲ့ အမျိုးသမီးတစ်ယောက်ရယ် သူတို့ရဲ့ အလှတွေရယ်ကို တစ်လှည့်စီခံစားရမှာပါနှစ်ယောက်လုံးကတော့ အလှလေးတွေချည်းပါပဲ သူတို့ရဲ့ကျွမ်းကျင်မှုတွေကြားမှာ လူပျိုပေါက်စ ဂျောင်ဆူး ဗျာများရတာပဲ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ကောင်မလေးတွေရဲ့ ကောက်ကြောင်းတွေကလဲ ပေါ်လွင်လွန်းတာမို့ DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 734MB Quality…1080p WEB DL /720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(18+)Buddy’s Mom (2015)

2015
Microhabitat (2017) 7.4
Microhabitat (2017) Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie

Microhabitat (2017)

2017
Christmas in August (1998) 7.6
Christmas in August (1998) Christmas in August ( 1998 )သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ...
movie

Christmas in August (1998)

1998
Pietà (2012) 7.2
Pietà (2012) Pietà (2012) ဇာတ်လမ်းအညွှန်း****************************(IMDB - 7.2)ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ...
movie

Pietà (2012)

2012
A Man Who Was Superman(2008) 7.3
A Man Who Was Superman(2008) A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်‌နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie

A Man Who Was Superman(2008)

Marathon (2005) 7.7
Marathon (2005) [Unicode]မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း...ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူးအဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်...တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့...ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
movie

Marathon (2005)

Black Money(2019) 6.5
Black Money(2019) Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie

Black Money(2019)

Postman to Heaven (2009) 6.8
Postman to Heaven (2009) [Unicode]အခုCMကနေထပ်တင်ပေးမယ့်Koreaကားလေးကတော့ မင်းသမီးချော Han Hyo Joo ပါတဲ့ Postman to heaven ဆိုတဲ့ကားလေးပါ ကားလေးကအေးအေးလေးဆိုပေမယ့် romantic ဖြစ်ပြီး မိုးအေးအေးနဲ့ကြည့်လို့ကောင်းတာပါနော်သေလွန်ပြီးကောင်းကင်ဘုံရောက်သွားမယ့်လူတွေဆီ ကျန်ရစ်သူတွေက ပို့သမျှစာတွေကို မင်းသားနဲ့မင်းသမီးက ပို့ပေးဟန်ဆောင်ကြတဲ့ကားလေးပါ နောက်ဆုံးပိုင်းမှာလည်း supriseလေးတစ်ခုပါတဲ့ကားလေးပါ ။[Zawgyi]အခုCMကနေထပ်တင်ပေးမယ့်Koreaကားလေးကတော့ မင်းသမီးချော Han Hyo Joo ပါတဲ့ Postman to heaven ဆိုတဲ့ကားလေးပါ ကားလေးကအေးအေးလေးဆိုပေမယ့် romantic ဖြစ်ပြီး မိုးအေးအေးနဲ့ကြည့်လို့ကောင်းတာပါနော်သေလွန်ပြီးကောင်းကင်ဘုံရောက်သွားမယ့်လူတွေဆီ ကျန်ရစ်သူတွေက ပို့သမျှစာတွေကို မင်းသားနဲ့မင်းသမီးက ပို့ပေးဟန်ဆောင်ကြတဲ့ကားလေးပါ နောက်ဆုံးပိုင်းမှာလည်း supriseလေးတစ်ခုပါတဲ့ကားလေးပါ ။  Translated by Hnin Wut Yi Encoded by NAL
movie

Postman to Heaven (2009)

Seoul Station (2016) 6.1
Seoul Station (2016) ဒီကားလေးက 2016မှာ ထွက်ရှိထားပြီး IMDb rating 6.1 ရထားတဲ့ korea animationကားလေးဖြစ်ပါတယ်။ Train to busan မထွက်ခင်က ထွက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကဆိုးလ်ရထားဘူတာကို ဗိုင်းရပ်ကူးနေတဲ့ အိမ်ယာမဲ့တယောက် ရောက်လာတာကနေ တမြို့လုံးကို ပြန့်သွားပြီးလူတွေအကုန်လုံးနီးနီးကို ကူးကုန်ပါတယ်။ ဘူတာမှာ အိပ်ကြတဲ့ အိမ်ယာမဲ့တချို့နဲ့ မြို့ကလူတချို့ပဲအသက်ရှင် ကျန်ပါတော့တယ်။ ဟီဆန်ဆိုတဲ့ ကောင်မလေးကလည်း သူ့ရည်းစားနဲ့ စကားများပြီးဘူတာကို ရောက်လာပြီး ဗိုင်းရပ်ကူးထားတဲ့ လူတွေ လိုက်လို့ ပြေးရင်းနဲ့ ဒုက္ခရောက်နေလို့သူ့ကောင်လေးနဲ့ သူ့အဖေက လိုက်ရှာကြပါတယ်။အဲ့ဖြစ်စဉ်တစ်ခုမှာ သူမကိုရော သူ့အဖေနဲ့သူ့ကောင်လေးက ရှာတွေ့ပါ့မလား။ ဗိုင်းရပ်ကူးထားတဲ့လူတွေကိုရော ဘယ်လို ရှင်းကြမလဲ ဆိုတာကတော့………Train to busanလိုပဲ စိတ်လှုပ်ရှားစရာ ဇာတ်ကား‌ကောင်း‌လေးတကား ဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပါဦး ခင်ဗျာ။(ဒီဇာတ်လမ်းကို အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ko Aung Kyaw Swe ပဲဖြစ်ပါတယ်။) ---------------------------------------------------------ဒီကားေလးက 2016မွာ ထြက္ရွိထားၿပီး IMDb rating ...
movie

Seoul Station (2016)

2016