Channel Myanmar

Kim Joo-Hyuk

Heung-boo: The Revolutionist (2018) 6.5
Heung-boo: The Revolutionist (2018) ဒီဇာတ်ကားလေးတော့ ဓားသွားထက်ကလောင်သွားထက်တယ်ဆိုတဲ့ စကားကို သက်သေပြထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက အရွှန်းဖောက်တာလေးတွေနဲ့ ပျင်းစရာမကောင်းပဲအဆုံးထိဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးလေးပါ။ ဟွမ်ဘူးဆိုတဲ့ အပြာစာအုပ်တွေကိုရေးတဲ့ စာရေးဆရာအဆင့်ကနေ နိုင်ငံတစ်ခုလုံးကို ကယ်တင်နိုင်တဲ့သူဖြစ်သွားခဲ့တာကိုပြထားပါတယ်။ ဟွမ်ဘူးကတော့ သူ့အစ်ကိုနိုလ်ဘူးနဲ့ ငယ်ငယ်ကတည်းက ကွဲကွာခဲ့ရလို့ အပြာစာအုပ်တွေရေးနာမည်ကြီးအောင်လုပ်ပြီးသူ့အစ်ကိုများတွေ့မလားလို့ရှာနေတဲ့သူပါ။ တစ်ရက် သူ့အစ်ကို သတင်းကြားရကနေ သူ့အစ်ကိုတို့ရဲ့ဆရာဂျိုဟျောက်ဆိုတဲ့ စိတ်ထားပြည့်ဝတဲ့ သူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ဂျိုဟျောက်ကတော့ မင်းမျိုးမင်းနွယ်ဝန်ကြီးတစ်ယောက်ရဲ့ညီဖြစ်ပေမယ့်အဲ့ဘ၀ကိုစွန့်ပြီး မရှိဆင်းရဲသားတွေကိုကူညီ မိဘမဲ့လေးတွေကိုပြုစုပျိုးထောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုကူညီနေတာပါ။ ဂျိုဟျောက်နဲ့ ဟွမ်ဘူးနဲ့ဆုံမိတော့ ဂျိုဟျောက်ကဟွမ်ဘူးကို ဓားသွားထက် ကလောင်သွားထက်တယ်ဆိုတဲ့စိတ်ကို သွင်းပေးခဲ့ပြီး ဟွမ်ဘူးလိုချင်တဲ့ အရာတစ်ခုနဲ့ အပေးအယူလုပ်ကာ ဟွမ်ဘူးကို သရော်စာရေးစေခဲ့ပါတယ်။ ဟွမ်းဘူးရေးတဲ့ ဟွမ်းဘူးရဲ့ဇာတ်လမ်းဆိုတဲ့သရော်စာ နာမည်ကြီးသွားရာကနေစပြီး နန်းတော်တွင်းအထိပါ ဂယက်ရိုက်ကာ အပြောင်းအလဲဖြစ်စေခဲ့ပါတယ် နောက်ဆုံးမှာတော့ ဟွမ်ဘူးရဲ့ စာတွေကြောင့် ဘုရင်အပြောင်းအလဲဖြစ်ဖို့ထိ ဖန်လာတဲ့အခါမှာတော့.... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းကိုသာဒေါင်းကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကသာဒစ်  ဖြစ်ပါတယ်)   File Size : (850 MB) and (380 MB) Quality : HDRip 720p Running Time : 1hr 45min Format : ...
6.5
IMDB: 6.5/10 1,235 votes
movie

Heung-boo: The Revolutionist (2018)

2018
Believer (2018) 5.9
Believer (2018) ဒီကား​လေး လုံးဝကို crimeနဲ့ actionကို ကြိုက်​နှစ်​သက်​တဲ့သူ​တွေအတွက်​ တကယ်​ကိုထိမိ​စေမယ့်​ကား​လေးပါ ကားအစမှာ​တော့ ဆရာလီဆိုတဲ့ မူးယစ်​ရာဇာကိုလိုက်​စုံစမ်း​နေတဲ့စုံ​ထောက်​နဲ့ သူရဲ့သတင်း​ပေး ​ဆေးဆွဲ​နေတဲ့က​လေးမ​လေး ချာဆူ​ဂျောင်းတို့နဲ့စထားပါတယ်​ ချာဆူ​ဂျောင်းက သတင်းယူ​ပေးရင်း မိသွားပြီး အသတ်​ခံလိုက်​ရတဲ့အခါမှာ​တော့ စုံ​ထောက်​ခင်​ဗျာ ​ကြေကွဲပြီး မူးယစ်​ရာဇာကို လိုက်​ဖမ်းဖို့ မရရ​အောင်​ နည်းမျိုးစုံနဲ့ကြိုးစားပါ​တော့တယ်​ အဲ့လိုကြိုးစားရင်း ပုံစံမျိုးစုံ အ​ခြေအ​နေမျိုးစုံ လူ​ပေါင်းစုံနဲ့ပါကြုံ​တွေ့လာရပြီး ရင်​ဆိုင်​​ဖြေရှင်းပုံ​တွေက ရယ်​ရမလို ငိုရမလိုနဲ့ ​တော်​​တော်​ကို လှိုက်​ဖို​ငေး​မောပြီး ကြည့်ရှူရမယ့်​ကား​လေးပါ ​နောက်​ဆုံးကျပြန်​​တော့ ဆရာလီဆို​တော့လူက ဘယ်​သူဖြစ်​မလဲ သူ့ကိုတကယ်​​ရော ရှာ​တွေ့ပါ့မလား ဖမ်းလို့​ရောရဲ့လားဆိုတာကို​တော့ Believer (2018)ဆိုတဲ့ဇာတ်​ကား​လေးမှာ ကြည့်​လိုက်​ပါ​နော်​   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw  ဖြစ်ပါတယ်)   File Size : (900 MB) and (400 MB) Quality : HDRip 720p Running Time : 2hr 3min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Source ...
5.9
IMDB: 5.9/10 7 votes
movie

Believer (2018)

2018
The Truth Beneath (2016) 6.8
The Truth Beneath (2016) ​တောင်​ကိုရီးယားနိုင်​ငံရဲ့ ၂၁ရာစု အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးအတွက်​ အပြိုင်​အဆိုင်​ဒိတ်​ဒိတ်​ကြဲဖြစ်​​နေတဲ့ အမတ်​​လောင်း ကင်​ဂျုံချန်​နဲ့ အမတ်​​လောင်း နိုဂျယ်​ဆွန်းတို့နှစ်​​ယောက်​။ ပထမဦးဆုံးမဲဆွယ်​စည်းရုံးတဲ့​နေ့မှာဘဲ အမတ်​​လောင်းကင်​ဂျုံချန်​ရဲ့ သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားခဲ့တယ်​။ သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားတာနဲ့ပက်​သက်​ပြီး ​သောက​ရောက်​​နေတဲ့မိခင်​ မစ္စကင်​နဲ့ သမီး​ပျောက်​တာကိုသိပ်​အ​ရေးမစိုက်​ဘဲ မဲဆွယ်​စည်းရုံးတဲ့အလုပ်​ကိုဆက်​လုပ်​​နေတဲ့ ဖခင်​ကင်​ဂျုံချန်​တို့ရဲ့အိမ်​​ထောင်​​ရေးအ​ခြေအ​နေက​တော့ သမီး​ဖြစ်​သူ​သေဆုံးသွားသည်​ကိုသိပြီး​နောက်​ပိုင်း ပိုဆိုးဝါးလာခဲ့တယ်​။ အရမ်းကိုပူ​ဆွေး​သောက​ရောက်​ပြီးရူးမတတ်​ဖြစ်​​နေတဲ့မိခင်​မစ္စကင်​က​တော့ သမီးနဲ့ပက်​သက်​သမျှအချက်​အလက်​​တွေကို ပိုက်​စိပ်​တိုက်​နည်းအမျိုးမျိုးဖြင့်​လိုက်​ရှာကာ သမီးဖြစ်​သူ၏အချစ်​ဆုံးသူငယ်​ချင်းချွဲမီအို့ကို မသင်္ကာသူလို့ထင်​​ပြီးစစ်​​ဆေးမှု​တွေလုပ်​ခဲ့တယ်​။ သမီး​လေးရဲ့အခန်းမှာခိုးပြီးတပ်​ထားတဲ့အသံဖမ်းစက်​​တွေက သူတို့ရဲ့ပြိုင်​ဖက်​နိုဂျယ်​ဆွန်းတို့နဲ့ပက်​သက်​​နေတယ်​လို့လဲသိထားခဲ့တယ်​။ ဒါဆိုရင်​ ဒီသမီးဖြစ်​သူကင်​မင်​ဂျင် အသတ်​ခံရတဲ့အ​ကြောင်းအရင်းနဲ့ သတ်​ခဲ့တဲ့အဓိကတရားခံဟာ သူ့အချစ်​ဆုံးသူငယ်​ချင်းလား? ဒါမှမဟုတ်​ အမတ်​​လောင်းနိုဂျယ်​ဆွန်းတို့ဘက်​ကလား ဆိုတာက​တော့....   (ဘာသာပြန်သူကတော့ Htet Thin Zar Maung ပါ)   File Size : (850 MB) and (360 MB) Quality : WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre :Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
6.8
IMDB: 6.8/10 398 votes
movie

The Truth Beneath (2016)

2016

Genres