Channel Myanmar

Laura Londoño

Escobar: Paradise Lost (2014) 6.5
Escobar: Paradise Lost (2014) Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေး ဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie

Escobar: Paradise Lost (2014)

2014