Channel Myanmar

Laurent Bateau

Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

Hereafter (2010) 6.5
Hereafter (2010) Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်‌တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie

Hereafter (2010)

2010
Delicious (2021) 7.0
Delicious (2021)  ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစားတိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင်ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက်ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်းတည်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေးမစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ...။ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့...။ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ...။အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး...။လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်...။ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်းဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်းဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်...၊ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်...၊ သာမန်လူတန်းစားတွေအနေနဲ့ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ...။ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာသတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်...ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်...။ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေလူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့...။ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့်ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် ...
movie

Delicious (2021)

King (2022) 5.1
King (2022) King (2022)ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ လေဆိပ်တစ်ခုကနေလွတ်လာပြီး ပျောက်ဆုံးသွားပါတယ်။ ရဲတွေဟာ ဒီခြင်္သေ့လေးကိုလိုက်လံရှာဖွေရင်း အန္တရာယ်ရှိတာမို့ အနားမကပ်ကြဖို့လည်း ထုတ်ပြန်နေကြပါတယ်။ အဲဒီလိုနဲ့ ခြင်္သေ့လေးဟာ Inès နဲ့ Alex တို့ရဲ့ အိမ်ထဲကိုရောက်လာတာပေါ့။Inès ဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် မိထွေးကသူတို့အပေါ်ကောင်းပေမယ့်လည်း အထီးကျန်စွာနေနေတတ်တဲ့ကလေးတစ်ယောက်။ မောင်နှမနှစ်ယောက်အနက် အငယ်ဖြစ်ပေမယ့် တွေးတတ်ခေါ်တတ်ရှိပြီး ထက်ထက်မြက်မြက်လေးပေါ့။ ဒီလိုနဲ့ပဲ ခြင်္သေ့လေးကို Inès တွေ့ကတည်းက ချစ်ခဲ့ရပြီး King လို့ မှည့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးပီသစွာ မစဉ်းစားမဆင်ခြင်တတ်တဲ့ အကို Alex ကတော့ King လေးနဲ့ Video ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ Viral ပါဖြစ်သွားပါတော့တယ်။အဲဒီကနေစလို့ Inès နဲ့ Alex နှစ်ယောက်သား ချစ်စရာ King လေးကို လွတ်လွတ်လပ်လပ် သူ့သဘာဝအတိုင်းရှင်သန်နိုင်အောင် တောထဲလွှတ်ဖို့ ပြင်သစ်ကနေ အာဖရိကထိဆိုတဲ့ Adventure ခရီးကြမ်းကို ဘယ်လိုရုန်းကန်လှုပ်ရှားစွန့်စားကြရမလဲဆိုတာကို ...
movie

King (2022)

2022
At Eternity’s Gate (2019) 7.0
At Eternity’s Gate (2019) အချိန်​မှားပြီးမွေးဖွားခဲ့တဲ့........... ခေတ်​အဆက်​ဆက်​...တည်​မြဲနေဦးမယ့်............ပန်းချီကားတို့ရဲ့ ဖန်​တီးရှင်​...ဗင်းဆင့်​ဗန်​ဂိုး............ဗန်​ဂိုးဟာ ဒတ်​ခ်ျ​လူမျိုးပန်းချီဆရာတစ်​ယောက်​ပါ......သူ့ရဲ့စိတ်​ခံစားချက်​ကို အရောင်​များနဲ့ဖော်​ပြတတ်​သူဖြစ်​ပြီး......သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်​ဆန္ဒကို ကြက်​သီးထဖွယ်​တွေ့မြင်​ရတတ်​ပါတယ်​.......သူဟာပန်းချီကို အလွန်​ရူးသွပ်​သူတစ်​ယောက်​ဖြစ်​ပြီးအသက်​ ၂၇နှစ်​မှစတင်​ပြီး ပန်းချီဆွဲခဲ့တာပါ.....လောကမှ နာမည်​အကျော်​ကြားဆုံးနဲ့ ကံအဆိုးဆုံးပန်းချီဆရာတစ်​ယောက်​ဆိုရင်​လည်း မမှားပါဘူးဘာလို့လဲဆိုတော့ သူဟာ အချိန်​မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ......သူ့ခေတ်​က ပန်းချီပညာရှင်​အများစုက သူ့ကို အသိအမှတ်​မပြုခဲ့ကြပေမယ့်​ခေတ်​သစ်​ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်​ကိုအသိအမှတ်​မပြုဘဲ မနေနိုင်​ကြပါဘူး သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီးနှစ်​၃၀ဆယ်​ခန့်​ကြာမှ စတင်​နာမည်​ကျော်​ကြားလာခဲ့တာဖြစ်​ပါတယ်​ဘဝတစ်​လျှောက်​လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်​တိုင်​အောင်​သူ့ကို ဘယ်​သူကမှ အသိအမှတ်​မပြုခဲ့ပါဘူးဒါပေမယ့်​ ၁၀နှစ်​လုံးလုံး ပန်းချီဆွဲတဲ့အလုပ်​ကို စိတ်​ဓာတ်​ကြံ့ခိုင်​စွာနဲ့ဇောက်​ချလုပ်​ခဲ့ပါတယ်​ အသက်​ ၃၇နှစ်​မှာသေဆုံးခဲ့ပြီး .........ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်​တာ ကာလတစ်​လျှောက်​မှာပန်းချီကားချပ်​ပေါင်း ၁၆၀၀ခန့်​ရေးဆွဲခဲ့ပါတယ်​ပန်းချီကားတိုင်းဟာ သူပြောပြချင်​တဲ့ အကြောင်းအရာတွေသူဖော်​ပြချင်​တဲ့ စိတ်​ခံစားမှုအခြေအနေတွေ ပြည့်​နှက်​နေပါတယ်​သူအသက်​ရှင်​စဉ်​ကာလတစ်​လျှောက်​မှာ ပန်းချီကားက ၁ချပ်​ပဲရောင်းခဲ့ရပါတယ်​ ...
movie

At Eternity’s Gate (2019)

2018