Channel Myanmar

Lee Seung-joon

Two Weddings and a Funeral (2012) 6.2
Two Weddings and a Funeral (2012) Two Weddings and A Funeral (2012)ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က Homosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းက Homosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာ Homosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့ သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ် လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလား သူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင် တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကို ဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်Genre..... Horror Quality….  720p File size… 785MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Two Weddings and a Funeral (2012)

2012
Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie

Road to Boston (2023)

2023
Cart(2014) 7.0
Cart(2014) Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie

Cart(2014)

Handphone (2009) 6.6
Handphone (2009) Handphone (2009)ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ... ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ...ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊ လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | ...
movie

Handphone (2009)

2009
The Flu (2013) 6.7
The Flu (2013) [Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie

The Flu (2013)

2013
Remember (2022) 7.1
Remember (2022) Remember (2022)မကြာခင်မှာ စစ်မှုထမ်းသွားရတော့မယ့် Nam Joo Hyuk ကို အလွမ်းပြေကြည့်ဖို့ ဇာတ်ကားအသစ်လေးရပါပြီ။ Main Cast တွေအနေနဲ့ Lee Sung Min နဲ့ Nam Joo Hyuk တို့ပါဝင်ထားတဲ့အပြင် Plot ဆန်းဆန်းလေးနဲ့မို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး။ _____________________ _____________________ “အတိတ်မှာပိတ်မိနေတဲ့သူတွေအတွက် အနာဂတ်ဆိုတာ မရှိဘူး" ဒါပေမဲ့လည်း မတရားသဖြင့် ခံစားခဲ့ရတဲ့သူတွေအတွက်တော့ တချို့အတိတ်တွေက သူတို့တစ်ဘဝလုံးထွေးပိုက်ထားရမယ့် နာကြည်းချက်တွေ၊ သူတို့ဘဝကိုရှေ့ဆက်ရမယ့် လှေကားတစ်တွေ ဖြစ်နေမှာပါ။ဟန်ဖီလ်ဂျူဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ဦးဖြစ်ပြီး ဦးနှောက်အကြိတ်နောက်ဆုံးအဆင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ ဒါ့အပြင် လူမသိသူမသိ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့မှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် အကွက်ချစီစဉ်လာခဲ့တဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။အင်ဂယူကတော့ ဟန်ဖီလ်ဂျူနဲ့ အသက်အရွယ်ချင်းကွာခြားလွန်းပေမဲ့ သူငယ်ချင်းလို ခင်မင်ပေါင်းသင်းနေကြတဲ့ ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ဒီလိုနဲ့တစ်နေ့မှာတော့ အင်ဂယူတစ်ယောက် ဟန်ဖီလ်ဂျူကို ကူညီပေးရင်း မထင်မှတ်ဘဲ လူသတ်တရားခံအနေနဲ့ သံသယဝင်ခံရတဲ့အဖြစ်ကို ရောက်သွားပါတော့တယ်။ အင်ဂယူအတွက် အံ့အားသင့်စရာတစ်ခုကတော့ လူသတ်သမားအစစ်ဟာ သူယုံကြည်ခဲ့ရတဲ့ ...
movie

Remember (2022)

The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
The Killer(2022) 7.0
The Killer(2022) The Killer(2022) အညွှန်း********************အက်ရှင်ကားငတ်နေတဲ့သူတွေအဖို့တော့ နင်းကန်လန်းပါတယ်..မင်းသားက အရေးအကြောင်းဆိုရင် မိန်းကလေးဖြစ်နေလည်းမျက်နှာတွေဖြတ်ရိုက်သလို ကျောင်းသားအရွယ်ဖြစ်နေလည်း သူ့ရန်ရှာရင်ခြေထောက်တွေ လက်တွေ မျက်တောင်တစ်ချက်မခတ်ဘဲ ရုက်ချိုးပစ်ပါတယ်..တကယ့်လူမိုက်တွေဆိုရင်တော့ပြောမနေနဲ့တော့...ဘန်ဝီဂန်ဆိုတဲ့ ဘဲတစ်ပွေဟာ သူ့ကောင်မလေး အပျော်ခရီးမထွက်ခင်ကလေးမလေးတစ်ယောက်ကို သွားတဲ့ကာလအတွင်း စောင့်ရှောက်ပေးဖို့မှာသွားခဲ့တယ်...သူကလည်း မကောင်းတတ်လို့သာ လက်ခံလိုက်ရတယ်..၁၇ နှစ်အရွယ်ကလေးမလေးဆိုတော့အရာရာစူးစမ်းချင်စိတ်တွေပြည့်နေတဲ့အရွယ်လေး..ဒါ့ကြောင့် အိမ်မလိုက်ချင်ဘူး သူငယ်ချင်းအိမ်မှာပဲနေမယ်ဆိုတော့သူက ပိုက်ဆံတောင် သုံးဖို့စွဲဖို့ ထည့်ပေးလိုက်သေးတယ်...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်တော့တာပါပဲ...ဘာတွေလဲဆိုတာကိုတော့ .....................    File Size :(1.89GB) (700MB) and (220 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:35:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Estel,Song Song & So Ri Encoded by Phyo Pyae  
movie

The Killer(2022)

Vanishing(2022) 7.0
Vanishing(2022) Vanishing(2022) အညွှန်း**********************မင်းသားYoo Yeon-Seok အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကတော့ ပြင်သစ်ဒါရိုက်တာ Denis Dercourt ရိုက်ကူးပြီး ကိုရီးယား-ပြင်သစ်ပူးပေါင်းတင်ဆက်ရိုက်ကူးထားတဲ့ Crime / Drama ကားကြီးဖြစ်ပါတယ်.. ပြင်သစ်ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပြီး ကိုရီးယားမှာလည်း ရုံတင်‌တဲ့ကားကြီးဖြစ်ပါတယ်...ပြင်သစ်ဆရာဝန် ပရော်ဖက်ဆာ Alice က ပျက်စီးနေတဲ့ အလောင်းတွေကနေ ပြန်လည်အချက်အလက်ရှာဖွေတဲ့နည်းပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မှုခင်းဆေးပညာပညာရှင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားကို ဆေးပညာဟောပြော‌ပွဲတစ်ခုရှိတာကြောင့်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်.... ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့ကို ကိုရီးယားရဲတပ်ဖွဲ့က မြစ်ထဲမှာတွေ့တဲ့အလောင်းတစ်ခုကိုစစ်ဆေးပေးဖို့ခေါ်ဆို အကူအညီတောင်းခဲ့ပါတယ်... အဲ့လို ကူညီစုံစမ်းပေးလိုက်တဲ့အချိန်မှာတော့ နောက်ကွယ်က ကြောက်စရာကောင်းလွန်းတဲ့မှုခင်းကြီ:ကိုသိလိုက်ရချိန်မှာတော့... File Size :(1.1GB)(532MB) and (115 MB) Quality : FHDRip 1080p, 720P Format…mp4 Duration…01:30:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae
movie

Vanishing(2022)

[18+] Obsessed (2014) 6.2
[18+] Obsessed (2014) ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်...မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်...ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့လူ့သဘောကိုအချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။(ယခင်တင်ဆက်ဖူးပေမယ့် ဘာသာပြန်စာတန်းထိုး လိုအပ်ချက်တွေရှိခဲ့လို့အခုအသစ်တစ်ဖန် ဘာသာပြန်တင်ဆက်လိုက်တာပါ။) File size…(1.6 GB)/(1.3 GB)/(650 MB) Quality….BluRay 1080p HEVC/ 1080p / 720p Format…mkv/mp4 Duration….02:13:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

[18+] Obsessed (2014)

1080p HEVC
Alice in Earnestland (2015) 6.8
Alice in Earnestland (2015) Alice in Earnestland (2015) ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်.. ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ် စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့ အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ အထက်တန်းပဲဆက်တက်ရမလား စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ် တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့ အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ် ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့် အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ် ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်. တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ.. သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ.. စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း သူမဘာတွေကြုံတွေ့လာရမလဲ ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့ အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ File Size - 1GB ,548MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Thiri Lwin Encoder - August
movie

Alice in Earnestland (2015)

2015
Doomsday Book (2012) 5.9
Doomsday Book (2012) [Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie

Doomsday Book (2012)

The Divine Fury (2019) 6.7
The Divine Fury (2019) ဒီကားဟာ နာမည်ကြီး အတွင်းရေးမှုးကင်မ် ကားနဲ့လူတွေသိကြတဲ့Park Soe John ရဲ့ထပ်မံပြီးတော့ သဲသဲလှုပ်ဝန်းရံခံခဲ့ရတဲ့ကားပါဒီကားကိုရိုက်တဲ့ဒါရိုက်တာကလဲ သိပ်မကြာသေးခင်ကမှနာမည်ကြီးထားတဲ့ Midnight Runners ကားကိုရိုက်ထားတဲ့ဒါရိုက်တာ Kim Joo Hwanပါဟိုအရင်ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ခိုအားလား ဆိုတဲ့ကားကိုလဲသူပဲရိုက်ခဲ့တာပါဒီလိုမျိုးနာမည်ကြီးတွေရဲ့ပေါင်းစည်းမှုနဲ့ ကောင်းမကောင်းကတော့ကိုယ်တိုင်ကြည့်ပြီးမှပဲဆုံးဖြတ်ပါတော့ IMDB ကတော့ rating 6.5 ပေးထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက သေခါနီးအချိန်မှာတကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီးသူ့အဖေက ပြန်မကောင်းလာပဲ တကယ်သေသွားတဲ့အခါဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကိုနက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါဘာတွေဖြစ်မလဲကတော့ မ spoil တော့ပါဘူးကြည့်ပါ အားရပါးရသာကြည့်လိုက်ကြပါပေးရတဲ့အချိန်နဲ့တော့တန်မှာပါဘာလို့ဆို ဘာသာပြန်ပေးတဲ့ကောင်မလေးကချောလို့ပါ(ဒီကားက English Sub က မမှန်သေးတဲ့အတွက် လုံးဝကွက်တိမမှန်သေးတဲ့English Sub ရဲ့လိုအပ်တဲ့ နေရာတွေကိုKorea စကားကို နားထောင်ပြီး အဆင်ပြေသလိုပြန်ထားရတဲ့အတွက်အမှားများပါခဲ့ပါက သည်းခံကြည့်ရှု့ပေးပါနော် ...)File Size : (1 GB , 231 MB)Quality :  WEB-DL 720pRunning Time ...
movie

The Divine Fury (2019)

2019
The Accidental Detective (2015) 6.7
The Accidental Detective (2015) အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၅ က ထွက်ခဲ့တဲ့ The Accidental Detective ဆိုတဲ့ စုံထောက် ဟာသဇာတ်မြူးလေးပါဇာတ်လမ်းအကျဉ်းလေးကို နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်နော်ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ သူ့ခြေထောက်ကြောင့် ဆေးစစ်ချက်ကျခဲ့လို့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူးသူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်အကိုင်ပျက် မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကို အမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ်သူ့သူငယ်ချင်းဂျွန်စုရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါဒေးမန်ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့် သူ့ခမျာ စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူးတနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ တတ်သိပညာမနေသာ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက် နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီး အမှုမှန်ပေါ်အောင် ကြိုးစားရပါတော့တယ်ဒီအခါ သူ့စုံထောက်စကေးတွေက သူငယ်ချင်းကို ကယ်တင်ဖို့ လုပ်နိုင်ပါ့မလားဆိုတာတော့ ပရိသတ်တွေ ကြည့်ကြည့်ကြပါဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့ အတူ နိုတေးဆူနဲ့ ...
movie


2015
The Piper (2015) 6.3
The Piper (2015) The Piper (2015) ________IMDB - 6.3/10IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊ ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက ...
movie

The Piper (2015)

2015