Channel Myanmar

Lee Sung-jae

Daisy (2006) 7.5
Daisy (2006) နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။ အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်...သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်... ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်... အတ္တတွေမရှိဘူး....ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ... ဪ...တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။Daisy (2006)IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီး ဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီး ခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်။+++++++++++++++++++ရုပ်ရှင်အညွှန်းကိုတော့ MSR FB ပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်....++++++++++++++++++++ဒေစီ မိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ...
movie

Daisy (2006)

2006
1080p Untouched
Ice Rain (2004) 5.5
Ice Rain (2004) Ice Rain (2004)ဒီဇာတ်လမ်းလေးကတော့ ၂၀၀၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ပါတောင်တက်သမားနှစ်ယောက်ဟာ အာလန်စခါမှာ ရှိတဲ့ အာရှခုလို့အမည်ရတဲ့ ရေခဲတောင်ပေါ်မှာ သောင်တင်နေရင်းနဲ့ သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ မိန်းကလေးအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြပါတယ်သူတို့မသိခဲ့တာကတော့ တကယ်တမ်း သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိုးဆက်နွယ်မှုရှိနေတာလဲဆိုတာပါပဲအဲဒါကတော့ ဇာတ်လမ်းရဲ့အဓိကအချက်ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါအားလုံးရဲ့အချစ်တော် "ဆောင်းဦးရွက်ကြွေချစ်သက်သေ" ထဲက မင်းသားဂျွန်စောလို့ အသိများကြတဲ့ (Song Seung Heon) နဲ့ မြန်မာနိုင်ငံမှာ ကျီးကျင့် လို့ နာမည်ရခဲ့တဲ့ မင်းသမီးကြီး Kim Ha Neul လည်း ပါဝင်သရုပ်ဆောင်ထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုအားပေးပါဦးနော်ဇာတ်ကားကောင်းလေးကို တင်ပေးချင်တာမို့ လတ်တလော ရတဲ့ ကွာလတီနဲ့ပဲ တင်ပေးထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu ပဲ ဖြစ်ပါတယ်။Genre..... Adventure, Drama, Romance Quality…. 480p File size… 423MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar ...
movie

Ice Rain (2004)

2004
Art Museum by the Zoo (1998) 7
Art Museum by the Zoo (1998) Art Museum by the Zoo (1998)တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်းစိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို... အရိုးခေါင်းကျွန်းက ကင်းကောင်လို... လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့... ငါ့ဘဝရဲ့ ...
movie

Art Museum by the Zoo (1998)

1998
Holiday (2006) 6.4
Holiday (2006)  ၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေးဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ..မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကိုပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်းဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာပေးမှု‌တွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီးမတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia
movie

Holiday (2006)

2006
Carter(2022) 7.0
Carter(2022) Carter(2022) အညွှန်း*****************(အဖော်အချွတ်ခန်းအချို့နဲ့  ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..)ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ်အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ်ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ်နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ်စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကိုCarterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ….ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး....File Size : (3.28GB)  (1.2GB)and (456MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:12:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai,Hnin Pale & Thynn Nu Swe Encoded by Phyo ...
movie

Carter(2022)

Barking Dogs Never Bite (2000) 7.0
Barking Dogs Never Bite (2000) [Unicode]Barking Dogs Never Bites (2000)IMDb rating - 7/10ဒီကားကတော့၂၀၀၀ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ Dark comedy filmအမျိုးအစားဖြစ်ပါတယ်။ "ယွန်းဂျူ "က အလုပ်မရှိတဲ့ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး တိုက်ခန်းတွဲတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်သူ့မိန်းမနဲ့ အတူနေထိုင်ပါတယ်။ ယွန်းဂျူက တက္ကသိုလ်ပါမောက္ခရာထူးကိုရဖို့အတွက် အသည်းအသန်ကြိုးစားနေရသူပါ။အလုပ်ရဖို့စိတ်ရှုပ်နေရတဲ့အချိန်မှာ ခွေးဟောင်သံကိုခဏခဏကြားရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။ ဟောင်သံပိုင်ရှင်ကိုလိုက်ရှာရင်း ရှီဇူးခွေးတစ်ကောင်ကိုတွေ့တော့ အဲဒီခွေးပဲလို့ထင်ကာ ဖမ်းပြီးခေါင်မိုးပေါ်ကနေလွှတ်ချဖို့ကြံပါတယ်။ ဒါပေမဲ့ မအောင်မြင်တာကြောင့် မြေအောက်ခန်းထဲက ဘီရိုထဲမှာသော့ခတ်ထားခဲ့ပါတယ်။ အဲဒီခွေးကို အစောင့်တစ်ယောက်က သတ်ပြီး ချက်ပြုတ်စားလိုက်တာကိုလည်း မထင်မှ တ်ဘဲတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူတို့တိုက်မှာ ခွေးတွေတစ်ကောင်ပြီးတစ်ကောင်ပျောက်လာပါတယ်။"ဟွန်းနမ်"ကတော့ တိုက်ခန်းကြီးကြပ်ရေးရုံးက အတွင်းရေးမှုးတစ်ယောက်ပါ။ ခွေးပျောက်ကြော်ငြာတွေကပ်ဖို့ သူတို့ရုံးမှာ ခွင့်ပြုချက်လာတောင်းတာများလာတာကို သူလည်းသတိထားမိလာပါတယ်။တစ်နေ့ကျတော့ ဟွန်းနမ်က အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်နေတုန်း လူတစ်ယောက်ကခွေးကိုခေါင်မိုးထပ်ကနေပစ်ချလိုက်တာကိုမြင်ပြီး လိုက်ဖမ်းဖို့ကြိုးစားပေမဲ့ မမိခဲ့ပါဘူး။ ခွေးပျောက်ကြော်ငြာတွေကပ်ပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ခွေးတွေကဆက်ပျောက်နေဆဲပါပဲ။ခွေးတွေကဘာကြောင့်ပျောက်နေရတာလဲ။ အလုပ်မရှိလို့ စိတ်ညစ်နေတဲ့ယွန်းဂျူက ခွေးသတ်ရတာကိုသဘောကျပြီး ဆက်တိုက်သတ်နေတာလား။ အစောင့်က ခွေးသားစားဖို့အတွက်သတ်တာလား။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို ဇာတ်ကားထဲမှာဆက်လက်ရှုစားနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie

Barking Dogs Never Bite (2000)

HEVC 1080p 5.1
Human, Space, Time and Human ( 2019 ) 5.5
Human, Space, Time and Human ( 2019 ) Zawgyi*******ပင်လယ်ထဲကိုခရီးထွက်လာကြတဲ့အပျော်စီးသင်္ဘောပေါ်ကလူတစ်စုအမျိုးမျိုးအထွေထွေလူပေါင်းစုံအလွှာပေါင်းစုံကလူတွေအပျော်လွန်ရာကနေအပျက်ဖြစ်လာကြတဲ့အခါ လူသဘာဝအတိုင်းလောဘကြီးကိုယ့်အတွက်သာပဓာနလို့သဘောထားပြီးတစ်ဦးအပ်ါတစ်ဦးမကောင်းတာတွေဘဲလုပ်ရာကနေဘယ်လိုတွေဆက်ဖြစ်လာမှာလဲဒီကားထဲမှာဆိုရင်စာရေးဆရာကသူချ​ ပြချင်တဲ့လူသဘာဝကိုပီပြင်အောင်ချ ပြထားတဲ့အပြင်သွေးသံတရဲရဲနဲ့ရက်ရက်စက်စက်အခန်းတွေပါတာမို့thrillerကြိုက်တဲ့သူတွေအတွက်တော့စိတ်ဝင်စားဖို့ကောင်းမှာပါbut တချို့အခန်းတွေက nudeတွေပါတာမို့ မိဘတွေနဲ့ကြည့်ဖို့အဆင်မပြေပါကြောင်း သတိပေးလိုက်ပါတယ်နော်... Unicode*******ပင်လယ်ထဲကိုခရီးထွက်လာကြတဲ့အပျော်စီးသင်္ဘောပေါ်ကလူတစ်စုအမျိူးမျိူးအထွေထွေလူပေါင်းစုံအလွှာပေါင်းစုံကလူတွေအပျော်လွန်ရာကနေအပျက်ဖြစ်လာကြတဲ့အခါ လူသဘာဝအတိုင်းလောဘကြီးကိုယ့်အတွက်သာပဓာနလို့သဘောထားပြီးတစ်ဦးအပါ်တစ်ဦးမကောင်းတာတွေဘဲလုပ်ရာကနေဘယ်လိုတွေဆက်ဖြစ်လာမှာလဲဒီကားထဲမှာဆိုရင်စာရေးဆရာကသူချ ပြချင်တဲ့လူသဘာဝကိုပီပြင်အောင်ချ ပြထားတဲ့အပြင်သွေးသံတရဲရဲနဲ့ရက်ရက်စက်စက်အခန်းတွေပါတာမို့thrillerကြိုက်တဲ့သူတွေအတွက်တော့စိတ်ဝင်စားဖို့ကောင်းမှာပါbut တချို့အခန်းတွေက nudeတွေပါတာမို့ မိဘတွေနဲ့ကြည့်ဖို့အဆင်မပြေပါကြောင်း သတိပေးလိုက်ပါတယ်နော်... Translated & Review By XiaoEncoded By LK 
movie

Human, Space, Time and Human ( 2019 )

2018
Public Enemy ( 2002 ) 7.2
Public Enemy ( 2002 ) ?သားဆိုး?ဟုတ်ပါတယ်... ။ ကျွန်တော် သားဆိုးပါ....။ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ...။ ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ....။▬▬▬▬▬▬▬▬( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကိုပြန်လည် ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့်အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)▬▬▬▬▬▬▬▬"ကျွန်တော့် အိမ် မီးလောင်နေပါတယ် ခင်ဗျ...ကယ်ကြပါဦး ..ကျွန်တော့်မိဘတွေ အိမ်ထဲမှာပိတ်မိနေပါတယ်...။""လိပ်စာအမြန်ပေးပါခင်ဗျာ ..ကျွန်တော်တို့မီးသတ်အဖွဲ့က အမြန်ဆုံးလာပါမယ်..ခင်ဗျားလည်း အန္တရာယ်မရှိမဲ့နေရာမှာ နေပါ..။ လေရှူလို့ရမယ့်နေရာမျိုးရွေးနေပါ"လိပ်စာကို သားဖြစ်သူက အလျှင်အမြန် ပြောပြသည်...။"ကယ်ကြပါဦးဗျာ... ကယ်ကြပါဦး"သူတို့နေသော နေရာသည် တောင်ကိုရီးယား၊ ဂန်နနမ်းမြို့နယ်၊ဆမ်းဆောင်းရပ်ကွက်ဆိုသည့် လူချမ်းသာများသာ နေနိုင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။အနောက်တိုင်းပုံစံဆောက်ထားသော လှပသည့်အိမ်ကလေးမှ မီးခိုးများ အဆက်မပြတ်ထွက်နေသည်။**************************************** ၁၁၉ မီးသတ်၊ ရဲ ၊ ဆေးရုံကားများ တခဏအတွင်းရောက်လာကြသည်။သို့ပေမယ့် အလွန်နောက်ကျသွားလေပြီ...။မိခင်နှင့် ဖခင်နှစ်ဦးစလုံး မီးသွေးတုံးကြီးများကဲ့သို့ မည်းနက်ပြီးတကိုယ်လုံးရစရာမရှိအောင်မီးလောင်သေဆုံးနေပြီဖြစ်သည်...။**************************************** ?အပိုင်း -၁မီးလောင်၍ သေဆုံးသွားသော မိဘနှစ်ပါးတို့၏ အလောင်းကိုမကြည့်ရဲပဲဖြစ်နေတဲ့....မျက်နှာလွှဲပြီး ခြုံးပွဲချ ငိုနေတဲ့ သားတစ်ယောက်ရှိပါတယ်...၊ကျွန်တော် ဘာ့ခ် ဟန် ...
movie

Public Enemy ( 2002 )

2002