Channel Myanmar

Lee Wan

The Goblin (2022) 4.8
The Goblin (2022) The Goblin (2022)‌“သွေးက ရေထက်ပျစ်တယ်”ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ ဒါဟာ သွေးသားတော်စပ်မှုတစ်ခုထဲကိုပဲ ဖော်ညွှန်းတာတော့ မဟုတ်ပါဘူးလူသတ်သမားတစ်ယောက်အတွက်တော့ ပျစ်နှစ်တဲ့ သွေးစက်တွေက ရေထက်အရသာရှိမှာပေါ့ လူသတ်တဲ့နေရာမှာ တစ်ချက်လေးမှ တုံ့ဆိုင်းမှု ရှိမနေတာကြောင့် "မှင်စာ" လို့တင်စားခေါ်ဝေါ်ခံရတဲ့ လူသား ဂန်ဒူဟျွန်း ဆိုတဲ့ လူသတ်သမားပါ။လူသတ်ဖို့ဆို လက်တွန့်ကြောက်ရွံ့နေတတ်တဲ့ ယောင်းမင်းကတော့ သူ့တို့ရဲ့သူဌေးကို သတ်လိုက်မိပြီးတဲ့နောက်မှာတော့ ဒူဟျွန်းက ယောင်းမင်းအစား လူသတ်တရားခံနေနဲ့ ထောင်ထဲမှာ ၁၀ နှစ်တိုင် နေခဲ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်မွေးကင်းစသမီးလေးနဲ့ ဇနီးကို ပစ်ထားခဲ့ရပြီး ထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲကထွက်လာတဲ့အခါမှာတော့ သာမန်ဘဝလေးနဲ့ နေထိုင်ဖို့ လုပ်ထားခဲ့ပေမယ့်လည်း ကံတရားက ဒူဟျွန်း ကို ခွင့်မပြုခဲ့ပြန်ပါဘူးတကယ့်မှင်စာအစစ်ဖြစ်တဲ့ ဒူဟျွန်းတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူ မှင်စာလို့ ခံယူထားတဲ့ ယောင်းမင်းဟာ ဒူဟျွန်းရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တဲ့အခါ ဒီပြဿနာကို ဒူဟျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲသမီးလေးကို ကယ်တင်ဖို့ ရက်စက်တဲ့မှင်စာဘဝကို ပြန်သွားမှာလား ဒါမှမဟုတ် ဘယ်လိုများ အဖြေရှာဆောင်ရွက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ဂန်ဒူဟျွန်းအနေနဲ့ မင်းသားကြီး Jo ...
movie

The Goblin (2022)

2022
Northern Limit Line (2015) 6.6
Northern Limit Line (2015) Northern Limit Line (2015)_____IMDb - 6.6/10   ကိုယ်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတော့ ကိုယ့်အားလပ်ချိန်တွေမှာ အချိန်ရရင်ရသလို ရုပ်ရှင်ကားကောင်းတွေကို ကြည့်လေ့ရှိပါတယ်။ ဒီတစ်ပတ်ကြည့်ဖြစ်တာက“Northern Limit Line”သာမန်အားဖြင့် ကိုရီးယားကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်လေ့ မရှိပေမယ့် ဒီတစ်ကားတော့ ကြည့်ဖြစ်သွားတယ်၊ စစ်ကားဖြစ်နေတာလည်း ပါမှာပေါ့လေ။ဇာတ်လမ်းက ၂၀၀၂ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားမှာ ကျင်းပတဲ့အချိန် တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပင်လယ်ဝါထဲက Northern Limit Line မှာ ရေတပ်ချင်း ထိတွေ့မှုဖြစ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပါ။ရုပ်ရှင်အကြောင်းကို မပြောခင် ‪#‎Northern Limit Line‬ (NLL) ဆိုတာဘာလဲဆိုတာကို ပြောချင်ပါတယ်။ ‪#‎NLL‬  ဆိုတာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ပင်လယ်ဝါအတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားဆဲ နေရာကို ဖြတ်သန်းရေးဆွဲထားတဲ့ စိတ်ကူးမျဉ်းဖြစ်ပါတယ်။ ဒီလို ပိုင်းခြားသတ်မှတ်ထားတာကို မြောက်ကိုရီးယားက အသိအမှတ်ပြုခြင်းမရှိပါဘူး။ထို့ကြောင့် မြောက်ကိုရီးယား ငါးဖမ်းလှေ၊ သင်္ဘောတွေဟာ စစ်ရေယာဉ်များ အစောင့်လိုက်ပါပြီး ...
movie

Northern Limit Line (2015)

2015