Channel Myanmar

Lenny Venito

The Brave One (2007) 6.7
The Brave One (2007) ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size…    1.7 GB /  775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie

The Brave One (2007)

Return to Sleepaway Camp (2008)
Return to Sleepaway Camp (2008)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to SleepawayCamp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikကရိုက်ကူးပုံဖော်ထားပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ်Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ်မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး ErinBroderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူအမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲအာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီးတစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေးမစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့်သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလိုဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေအားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ်ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်းမင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီးအာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလားဒါမှမဟုတ် ...
movie

Return to Sleepaway Camp (2008)

How Do You Know(2010) 6.7
How Do You Know(2010) How Do You Know(2010)*********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာအသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle ...
movie

How Do You Know(2010)

Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
Men in Black II (2002) 6.1
Men in Black II (2002) ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie

Men in Black II (2002)

2002
4K HEVC
St. Vincent (2014) 7.2
St. Vincent (2014) St Vincent(2014) _________________ IMDb Rating - 7.2/10ကျွန်တော်တို့ ကြားဖူးကြတဲ့ Saint ဆိုတဲ့ သူတော်စင်တွေဟာ တကယ်တော့ ကျွန်တော်တို့လို လူသားစင်စစ်တွေပါပဲလူသားတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ ဘာမှမကွဲပြားကြပါဘူးဒါပေမယ့် သူတို့ကို ဘယ်အရာတွေက သူတော်စင်ဆိုပြီး ဖြစ်သွားစေတာလဲသာမန်လူတစ်ယောက်ထက် ဘယ်အရာတွေက ထူးခြားသွားစေနိုင်တာလဲ ဆိုတာကိုတော့ ဒီ ဇာတ်ကားလေး ကို ကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဗျာမင်းသားကတော့ GhostBusters,The Grand Budapest Hotel,Lost In Translation အစရှိသဖြင့် ဇာတ်ကားကောင်းများစွာနဲ့ နာမည်ကြီးပြီး Marvel ရဲ့ လာမယ့် Ant Man and the Wasp 3 မှာပါ ပါမယ်လို့ Confirmedထားတဲ့ မင်းသားကြီး Bill Murrayပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းဆိုပြီး ရေးပေးချင်ပေမယ့် ဘာကိုမှ များများစားစား ညွှန်းစရာမလိုဘဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးမလို့ အချိန်ကုန်ရကျိုးနပ်ပါတယ်လို့ ပဲ ပြောချင်ပါတယ်(ဘာသာပြန်ပြီး ...
movie

St. Vincent (2014)

Rounders(1998) 7.3
Rounders(1998) Rounders(1998)IMDB...7.3,,,Rotten...65%Rounders ( ကျားများ) ကျား ။ ။ ကံတိုက်​ကစားတဲ့ ဖဲသမား မဟုတ်​ပဲ ဖဲလိမ်​ရိုက်​သူ ဖဲနဲ့ အသက်​​မွေးသူများကို ကျားဟု​ခေါ်သည်​။Ref..မင်​းသိင်္ခ ဆရာသခင်​နဲ့ နှစ်​​ပေါင်​းများစွာ ခင်​ဗျား ဖဲကစားရတာ စိတ်​ဝင်​စားလား...။ ကျွန်​​တော်​​တော့ မကြာမကြာ ဖဲကစား ဖူးတယ်​။Texas Holdem Poker လို့​ခေါ်တဲ့ ဆိုတဲ့ ဖဲကစား နည်​းလည်​း အပါအဝင်​ပါပဲ။ ဒီ ကစားနည်​းကို ကျွန်​​တော်​ ကံ နဲ့ ဆုံးဖြတ်​ချက်​သက်​သက်​လို့ ထင်​ခဲ့ဖူးပါတယ်​... ဒီ ဇာတ်​ကားကို မကြည်​့မိခင်​ အထိ​ပေါ့။ ဖဲလိမ်​ရိုက်​တယ်​ဆိုတာထက်​လူ့စိတ်​ကို ဖတ်​တယ်​ ဆို ပိုမှန်​မလားပဲ။ ဒီထဲမှာ Matt Damon ​ပြောခဲ့သလို ​ပြောခဲ့သလိုပါပဲ ဖဲချပ်​​တွေကို ကစားတာ မဟုတ်​ပါဘူး လူ​တွေရဲ့ စိတ်​ကို ကစားလိုက်​တာပါ။ ဖဲတစ်​ချပ်​​ဝေတိုင်​းမှာ ဆုံးဖြတ်​မှုတစ်​ခု လုပ်​ရတယ်​။ ဆက်​လိုက်​မလား အရှုံး​ပေးလိုက်​မလား​လောင်​း​ကြေးမြှင်​့မလား ...
movie

Rounders(1998)

1998