Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Linc Hand
7.5
42 (2013)
ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.82 GB / 894 ...
movie
42 (2013)
2013
7.0
The Bling Ring(2013)
The Bling Ring(2013)အညွှန်း**************************မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက်ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကိုလိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှုတွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကိုခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲကတန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင်အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae
movie
The Bling Ring(2013)