Channel Myanmar

Liu Guan Cheng

Typhoon ( 2022 ) 6.3
Typhoon ( 2022 ) ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကိုသိုင်းလောကကနေခဏနားပြီး မတူညီတဲ့ရသတစ်မျိုးခံစားကြည့်နိုင်အောင် သဘာဝဘေးအန္တရာယ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ Zhang Yi Fan ဆိုတဲ့ ကယ်ဆယ်ရေးသမားကြီးဟာ ၂၀၁၁ခုနှစ်လောက်တုန်းမှာ ပြင်းထန်တဲ့မုန်တိုင်းကြားမှာ သူတစ်ပါးကိုကယ်ဖို့ကြိုးစားရင်း သူ့သားအရင်းကိုဆုံးရှုံးလိုက်ရပါတယ်။ သားကိုဆုံးရှုံးရပြီးနောက်ပိုင်းမှာ ၁၀နှစ်ကြာတဲ့အထိ သူ့ဘဝဟာအဲဒီအရိပ်မဲထဲကနေမထွက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူ့ဇနီးနဲ့သမီးဟာ သူနဲ့ကင်းကင်းရှင်းရှင်းနေဖို့တောင်းဆိုလာကြပါတယ်။သူ့သမီးလေးYao Yao ရဲ့မွေးနေ့မှာ မုန်တိုင်းကြီးထပ်ကျရောက်လာပါတော့တယ်။ ဒီမုန်တိုင်းဟာသာမန်မုန်တိုင်းဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့ဝင်ရိုးစွန်းလည်ပတ်နှုန်းဟာမြင့်တက်လာတဲ့အတွက် အီကွေတာအနီးတစ်ဝိုက်ကလှိုင်းတွေဟာမြင့်တက်လာပြီး ကမ်းရိုးတန်းတွေဆီရောက်တဲ့အခါဆူနာမီလိုလှိုင်းကြီးတွေဖြစ်သွားပြီး အလွန်အားပြင်းတဲ့မုန်တိုင်းအသွင်ပြောင်းသွားပါတော့တယ်။အဲဒီအချိန်မှာမွေးနေ့ပွဲကျင်းပနေတဲ့ Yao Yao ဟာ သူ့ရဲ့သူငယ်ချင်းနဲ့ မြေအောက်ခန်းထဲမှာပိတ်မိသွားပါတယ်။ အလွန်အားပြင်းတဲ့မုန်တိုင်းကြားမှာ ကယ်ဆယ်ရေးသမားကြီးတစ်ယောက်ဇနီးနဲ့သမီးကိုဘယ်လိုကယ်တင်ရပါ့မလဲ။ သားကိုဆုံးရှုံးလိုက်ရသလိုမျိုးထပ်မဖြစ်ရလေအောင် ကယ်ဆယ်ရေးသမားကြီး အစွမ်းကုန်ကြိုးစားပုံကို သဲထိတ်ရင်ဖိုအားပေးလိုက်ကြပါဦးရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Typhoon ( 2022 )