Channel Myanmar

Mahat Raghavendra

Maruthi Nagar Police Station(2023)
Maruthi Nagar Police Station(2023) Maruthi Nagar Police Station (2023)ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ်အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါစစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  ...
movie

Maruthi Nagar Police Station(2023)

2023
Double XL(2022) 5.8
Double XL(2022) Double XL (2022) Comedy, Drama IMDb 5.8/10 (2.6K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ netflix movieဖြစ်တဲ့အပြင် မင်းသမီး ဆိုနခ်ရှီးဆင်ဟားနဲ့ မင်းသမီး ဟူမာကူရေရှီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Body Shaming နဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်နော်။ဒီဇာတ်ကားမှာ တစ်ယောက်က ဒေလီမြို့မှာ အားကစားအစီအစဉ်တင်ဆက်သူဖြစ်ချင်နေတဲ့ ဖက်တီးမလေး ရာဂျ်ရှရီ...။နောက်တစ်ယောက်ကတော့ ဒေလီမြို့မှာနေပြီး သူ့ဒီဇိုင်းတွေ နိုင်ငံတကာကိုထိုးဖောက်သွားအောင် ခရီးသွားဖက်ရှင်ဗီဒီယိုလေး တင်ဆက်ချင်နေတဲ့ ဖက်တီးမလေး ဆိုင်ရား...။ရာဂျ်ရှရီဟာ အင်တာဗျူးဖြေရမှာကိုစောင့်နေခဲ့ပြီး ဆိုင်ရားကတော့ ဘတ်ဂျက်ရန်ပုံငွေထုတ်ပေးမှာကို စောင့်နေခဲ့ပါတယ်။ရှေ့ဆက်ပြီး သူတို့နှစ်ယောက် တွေ့ကြုံရမယ့် ဘဝခရီးကြမ်းတွေနဲ့ လူတွေရဲ့ကဲ့ရဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိနိုင်ပါ့မလား...။သူတို့နှစ်ယောက်စလုံးရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖေါ်နိုင်ပါ့မလား...။ဆိုတာကိုတော့ လောကကြီးအန်တုပြီး ရင်ဆိုင်မယ့် သူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ချက်တွေမှာ ဆက်လက်ပြီး မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်။ဆိုတေးလို အစားလေးလျှော့ဖက်တီးမ နင်ဒီ့ထက်ဝရင်ကြည့်မလှဆိုတာကလည်း တကယ်မဟုတ်ပါဘူးနော်။ ဝမှလှနေတဲ့ ကစ်ကစ်ကိတ်ကိတ်လေးတွေ ရှိနေတာကိုလည်း သတိချပ်စေချင်ပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ရှိရင်းစွဲအတိုင်းလက်ခံပြီး ကိုယ့်ဘဝကို ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်လျှောက်လှမ်းကြပါလို့ တိုက်တွန်းပေးလိုက်ပါတယ်။ File size…2.18GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard ...
movie

Double XL(2022)

2022
Maanaadu (2021) 9.1
Maanaadu (2021) Maanaadu Synopsis===============================Time-loop ဆိုတဲ့အချိန်​​​ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ​ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာ​တွေရှိသလို ဒီတစ်​ခေါက်မှာ​တော့ Tamil Time-loopဇာတ်လမ်း​လေးတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် IMDb user၁​သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရ​​​အောင် ရုံဝင်​ငွေများစွာနဲ့ အောင်မြင်မှု​တွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်​နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာ​ဆောင်က​နေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်​​ပေါ်မှာ သူနဲ့.မင်္ဂလာ​ဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့​တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကို​ရောက်၊ သတို့သမီးကို ဖြတ်ခုတ်​အပြီးထွက်​ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုး​ပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ ရဲ​တွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံ​နေကြတာပါ၊ ဒါက​တော့ ၁၂ကြိမ်​မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံ​ရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး​သေသွားလို့ အဗ္ဗဒူကိုခြိမ်း​ခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအ​နေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့​ပေမယ့် အခင်းဖြစ်တဲ့​နေရာမှာပဲ​သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ တကယ်မ​သေခဲ့ဘဲဆီသာနဲ့ ပထမဆုံး​တွေ့ခဲ့တဲ့ ...
movie

Maanaadu (2021)

2021