Channel Myanmar

Maki Sakai

Father of the Milky Way Railroad (2023) 6.3
Father of the Milky Way Railroad (2023) Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie

Father of the Milky Way Railroad (2023)

2023
Lost Care (2023) 6.4
Lost Care (2023) Lost Care aka Do Unto Others (2023)~ IMDb – 6.4/10, MyDramaList – 7.7/10 ~“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” - ရှင်မဿဲခရစ်ဝင် ၇:၁၂ယာဂါဘိုးဘွားကူညီစောင့်ရှောက်ရေးစင်တာ (Yaga Care Center) မှာ အလုပ်လုပ်နေတဲ့ ရှီဘမူနဲနိုရီ (Shiba Munenori) က ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် ကူညီစောင့်ရှောက်ပေးနေတဲ့သူ။ ဘိုးဘွားတိုင်းအပေါ် သူ့မိဘလိုသဘောထားပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေလို့ တစ်စင်တာလုံးက လေးစားအားကျနေရတဲ့သူ။ တစ်နေ့ သူတို့စင်တာက ကူညီစောင့်ရှောက်ပေးနေရတဲ့ အုမဲဒါကန်တာရို (Umeda Kantaro) ဆိုတဲ့ အဘိုးတစ်ယောက်ရဲ့အိမ်မှာ စင်တာမှူးဖြစ်တဲ့ ဒန်မိုတိုဟာရု (Dan Motoharu) ကို သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့အပြင် အုမဲဒါကန်တာရိုလည်း သေဆုံးနေပါတယ်။ သူတို့သေဆုံးမှုက လူသတ်မှုလား မတော်တဆသေဆုံးမှုလား ...
movie

Lost Care (2023)

2023
Baragaki: Unbroken Samurai (2021) 6.3
Baragaki: Unbroken Samurai (2021) Baragaki: Unbroken Samurai (2021)~ IMDb - 6.3/10, MyDramaList - 7.2/10 ~ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ - ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ...
movie

Baragaki: Unbroken Samurai (2021)

2021
Show Me the Way to the Station (2019) 6.7
Show Me the Way to the Station (2019) Show Me The Way To The Station (2019)အခုဇာတ်ကားလေးကတော့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရားကို ပုံဖော် ရိုက်ကူးထားတဲ့ ဂျပန်ကားလေးပဲဖြစ်ပါတယ်။ Ijuin Shizu ၏ ဆုရဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက Hasu အမည်ရှိ အဘိုးအိုနှင့် ခင်မင်ရင်းနှီးမှုကို ဖော်ဆောင်ပေးသည့် Sayaka အမည်ရှိ မိန်းကလေးငယ်တစ်ဦး၏ မေတ္တာကို ကို အခြေခံရိုက်ပြထားတာပဲဖြစ်ပါတယ်။ လူနဲ့တိရိစ္ဆာန်လေးတွေရဲ့ချစ်ခြင်းမေတ္တာကိုလည်းဖော်ပြထားတဲ့အတွက် အရမ်းကိုကြည့်လို့ကောင်းသလို လွမ်းမောဖွယ်ရာလည်းကောင်းပါတယ်။အခုကြည့်မယ့်ပရိတ်သက်ကြီးကခွေးလေးတွေကိုချစ်တတ်တဲ့သူဆိုရင်တော ဒီဇာတ်ကားနဲ့ ပတ်သက်လို့ စိတ်ကိုဖမ်းစားနိုင်မှာ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin yati Ko ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 848MB | 460MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyal ...
movie

Show Me the Way to the Station (2019)

Fictitious OL Diary (2020) 5.6
Fictitious OL Diary (2020) Fictitious girl's diary 2020 မြန်မာစာတန်းထိုး==================================စိတ်ကူးယဥ်မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီရုပ်ရှင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Bakarhythm ရေးတဲ့နာမည်တူ စာအုပ် 2017မှာ စီးရီးရိုက်ကူးခဲ့ပါတယ်။အမျိုးသမီးတော်တော်များများက သူတို့ရဲ့စိတ်ကိုနားလည်တယ်ဆိုပြီး သဘောကျခဲ့ကြပါတယ်။2020 မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပါတယ် ဖြတ်သွားဖြတ်လာရင်း တစ်ခါတလေ တခြားလူတွေရဲ့ဘဝတွေကို အားကျမိတာမျိုး ရှိကောင်းရှိမှာပါ။ ငါသာ သူဆိုရင်ဆိုပြီးတွေးမိတာမျိုးလည်းရှိမယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်ဟာ ဘဏ်ကိုသွားလာရင်း ဘဏ်ဝန်ထမ်းမိန်းကလေးတွေကို မြင်ပြီး သူတို့တွေရဲ့ ရုံးသွားရုံးတတ်အချိန်တွေကို ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်လို စိတ်ကူးယဥ်မိတယ် ထင်ပါတယ်။မနက်ပိုင်း မထချင်ထချင် အိပ်ယာစောစောထမယ်။ ရုံးသွားဖို့ အလှပြင်။ ရုံးရောက်ဖို့ ရထားလေးတိုးစီး "တနလ်ာနေ့နံနက်တွေက တကယ်ကိုချမ်းပြီး မထချင်စရာပဲလို့ "ပြောကြရင်းပေါ့။ယော်ျားရင့်မာကြီးတစ်ယောက်က ဒီရုပ်ရှင်ထဲမှာ စကတ်တိုဝတ်ထားပေမယ့် ထူးဆန်းတာက သူသရုပ်ဆောင်တဲ့ဇာတ်ကောင်အတိုင်း မိန်းကလေးတစ်ယောက်လို ဖြစ်နေတာပါပဲ ။သရုပ်ဆောင်အရမ်းကောင်းကြတာ သတိထားမိပါတယ်။ရုပ်ရှင်ကြည့်နေရသလိုမဟုတ်ပဲ ဘဏ်ဝန်ထမ်းတွေကိုပဲ မျက်စိထဲမြင်နေမိပါတယ်။အဓိက သရုပ်ဆောင် Bakarhythm က ဟာသသရုပ်ဆောင်ဖြစ်သလို စာရေးဆရာ၊ သရုပ်ဆောင် ၊သီချင်းရေးဆရာ ၊ပြဇာတ်ရေးဆရာလည်း ...
movie

Fictitious OL Diary (2020)

2020