Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Malcolm McDowell
Cellphone (2023)
၀င်နီလို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ သေဆုံးမှုကြောင့် ၀င်နီဟာ PTSD လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရပါတယ်။၀င်နီဟာ အပြောင်းအလဲဖြစ်ဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ ကျေးလက်က လည်ကွင်းအိမ်လေးတစ်ခုကို ခေတ္တပြောင်းရွှေ့လာပါတယ်။ ဒါပေမဲ့ ၀င်နီတစ်ယောက် အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတဲ့အခါ မျှော်လင့်ထားသလို ခံစားနေရတဲ့စိတ်ဝေဒနာတွေဟာ မလျော့နည်းလာပြီး ပိုလို့တောင်တိုးလာခဲ့တဲ့အပြင် တကယ်မရှိတဲ့ မြင်ကွင်းတွေကိုပါ မြင်လာခဲ့ရပါတယ်။ဒီထက်ပိုဆိုးတာကတော့ သူမရဲ့ဖုန်းကို တကယ်မရှိတဲ့ ဖုန်းခေါ်ဆိုသူတွေက ခဏခဏခေါ်လာပြီး ၀မ်းနည်းစရာ ကြောက်စရာ စကားတွေ မြင်ကွင်းတွေကို ကြားရ မြင်ရအောင် လုပ်လာခဲ့ပါတယ်။၀င်နီအတွက် ကံကောင်းတာတစ်ခုကတော့ ၀င်နီနေထိုင်နေတဲ့ ခြံဘေးမှာ ဂိုထောင်လေးတစ်ခုရှိပြီး အဲဒီဂိုထောင်မှာ အလုပ်လုပ်တဲ့ ခရစ်လို့အမည်ရတဲ့အမျိုးသားဟာ ၀င်နီခံစားနေရတာတွေကို ရိပ်မိသွားတာပါ။ ဒီလိုနဲ့ ခရစ်တစ်ယောက် ၀င်နီကိုချဉ်းကပ်ပြီး အဖော်ပြုပေးဖို့ ၀င်နီတစ်ယောက် သူမခံစားနေတဲ့ စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် ဘယ်လိုမမျှော်လင့်ထားတဲ့အရာတွေကို ထပ်မံကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File ...
movie
Cellphone (2023)
6.0
Halloween (2007)
ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenကရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie LeeCurtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie LeeCurtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကိုလုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကိုညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါMichael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာMichael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦးတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw
movie
Halloween (2007)
6.8
Bolt (2008)
Walt Disney Animation Studio ရဲ့၂၀၀၈ ခုနှစ်ထွက် Animationဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာသူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ...
movie
Bolt (2008)
2008
6.4
Cassandro (2023)
Cassandro (2023) ============= IMDb Rating - 6.4/10 Biography, Drama, Sportတက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2 GB) / (792 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator......Act ...
movie
Cassandro (2023)
2023
6.8
Metalocalypse: Army of the Doomstar (2023)
Metalocalypse: Army of the Doomstar (2023) ================================= IMDb Rating - 6.8/10American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ "Metalocalypse: The Doomstar Requiem" ရဲ့ Sequel ဖြစ်တဲ့ "Metalocalypse: Army of the Doomstar"(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်ကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့"Song of Salvation"ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ် လိုကယ်တင်နိုင်မှာလဲ၊ "Song of Salvation"ဆိုတာ ...
movie
Metalocalypse: Army of the Doomstar (2023)
2023
4.0
War of the Worlds: The Attack (2023)
War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thrillerဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie
War of the Worlds: The Attack (2023)
2023
6.1
Excision (2012)
Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ် 2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့ အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲ စည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ...... မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ...... စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(960 MB)/(440 MB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Excision (2012)
5.4
Antiviral (2012)
(IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလိုလိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ...
movie
Antiviral (2012)
6.5
Moving On(2022)
Moving On(2022)****************ကလဲရာ၊ အက်ဗ်လင်းနဲ့ ဂျွိုက်စ်တို့ဟာ ကောလိပ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီးအိမ်ထောင်ကိုယ်စီကျသွားလို့ ဝေးသွားကြသူတွေပါ။ အဘွားအရွယ်ကိုရောက် မြေးတွေရလို့ရနဲ့ ဘဝရဲ့သက်တမ်းအတော်များများကိုဖြတ်သန်းပြီးခဲ့ကြပါပြီ။ ဒီလိုနဲ့ ဂျွိုက်စ် ကွယ်လွန်သွားတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့အသုဘကိုလာရင်း လေဒီကြီးနှစ်ယောက်ပြန်ဆုံစည်းမိကြပါလေရော။ ဇာတ်လမ်းကခုမှစမှာပါ။ သူတို့ဒီအသုဘကို လာခဲ့တာက အခြားရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီနဲ့ပါ။ ပြောရရင် ကလဲရာဟာ ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူနဲ့က ရန်ကြွေးတွေရှိလို့ အသေသတ်ဖို့ကြံနေတာပါ။ အက်ဗ်လင်းကလည်း ဂျွိုက်စ်ရဲ့ ယောက်ျားဖြစ်သူကိုမကြည်တဲ့အကြောင်းရှိလို့ ကလဲရာကိုကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့တဲ့ သူတို့ကြားက ရန်ငြိုးကဘာဖြစ်မလဲ၊လေဒီကြီးနှစ်ယောက်ကရော ဘယ်လိုအတူတကွပူပေါင်းလုပ်ကြံမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comdedyဇာတ်ကားလေးဖြစ်ပါတယ်။File Size :(1.4GB) and (521MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Moving On(2022)
Blue Thunder (1983)
၁၉၈၃ခုနှစ် မေလ၁၃ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Blue thunder ဟာဆိုရင် action thirller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၁၉၇၅ နဲ့ ၁၉၇၈ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ Jaws , Jaws2 စတဲ့ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Roy Scheiderမှ Frank Murphy နေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် home alone ဇာတ်ကားတွေထဲက သူခိုးအဖြစ်နာမည်ကြီး သွား Daniel Stern က richard lymangoodaနေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ အသွားကတော့ ဖရန့်ခ်မာဖီဆိုတဲ့ ရဲရင့်တဲ့ လော့စ်အိန်ဂျယ်လိစ် ရဲအရာရှိက အသစ်ရောက်ရှိလာတဲ့ blue thunder အမည်ရှိတဲ့ အဆင့်မြင့် နည်းပညာတွေတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသုံး ဟယ်လီကော်ပတာ တစ်စီးကို စမ်းသပ်ဖို့ရွေးချယ်ခံခဲ့ရပါတယ်တယ်။ဒါပေမယ့် သူနဲ့ သူပါတနာက ဟာ Blue thunder ကိုပျံသန်းနေစဥ်မှာပဲ အစိုးရက ...
movie
Blue Thunder (1983)
TimeCrafters: The Treasure of Pirate’s Cove (2022)
TimeCrafters: The Treasure of Pirate's Cove (2022) ======================================ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်)File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM
movie
TimeCrafters: The Treasure of Pirate’s Cove (2022)
2022
6.7
Hidalgo(2004)
Hidalgo(2004)==============ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံးမြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်လူမျိုးတွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းကသူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုကFrank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် ...
movie
Hidalgo(2004)
5.4
She Will (2021)
She will (2021)===========ဒီဇာတ်ကားကတော့ 2021 မှာ ထွက်ရှိခဲ့ပြီး IMDb 5.5 ရရှိထားတဲ့ Psychological Horror and Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗရိုနီကာ ဂန့်ထ် ဆိုတဲ့ နာမည်ကြီးမင်းသမီးကြီး တစ်လက်ဟာ ခွဲစိတ်မှုတစ်ခုကို ခံယူပြီး ပြန်လည်ထူထောင်ရေးအတွက် စကော့တလန်နယ်ဘက်မှာ သွားရောက်နေထိုင်ရာမှ စတင်လာပါတယ်။ဒေစီ ဆိုတဲ့ သူနာပြုအကူတစ်ယောက်လည်း ဗရိုနီကာ့ကို ပြုစုပေးဖို့အတွက် သူမနဲ့အတူတူ လိုက်ပါလာခဲ့တယ်။ အဆိုပါနေရာက ဆက်သွယ်မှုပြင်ပ ဧရိယာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေနဲ့ တည်ရှိနေခဲ့တဲ့ နေရာတစ်ခုပါ။လူထောင်ချီ မီးလောင်သေဆုံးခဲ့ရပြီး ထူးဆန်းဖွယ် ရွှံ့နွံတွေအပြည့်နဲ့ နေရာမှာ ဗရိုနီကာတို့လိုပဲ အနားယူဖို့ လာရောက်ကြတဲ့ လူထူးဆန်းတွေလည်း ရှိလို့နေပါတယ်။ ဗရိုနီကာလည်း အဲဒီကိုရောက်မှ သူမရဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာပြီး အိပ်မက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအင် တွေ ရရှိလာတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်အတိတ်ဆိုးတွေ ပြန်လည်စတင်လာပါတော့တယ်။မီးလောင်မှုတွေနဲ့ ရွှံ့နွံတွေကြား ဆက်စပ်မှုတွေ၊ စုန်းမငှက်မွှေးလို့ခေါ်ကြတဲ့ ကျပ်ခိုးတွေနဲ့ အမှောင်ထုတွေကြားက ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာမို့ Psychological Horror ...
movie
She Will (2021)
2021
5.7
The Walk (2022)
The Walk (2022)ဇာတ်လမ်းကတော့ ၁၉၇၄ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို တစ်ခုကို အခြေပြု ဇာတ်အိမ်တည်ထားတယ်။ လူဖြူတွေ လူမဲတွေရဲ့ ပြဿနာတွေနဲ့ တိုင်ပတ်နေတဲ့ ကာလပေါ့။ ဘော်စတွန်တောင်ပိုင်းမှာ လူဖြူတွေချည်းတက်တဲ့ ကျောင်းရှိတယ်။ ပြောရရင် လူမျိုးရေးခွဲခြားတဲ့ စနစ်ကျင့်သုံးတဲ့ကျောင်း။ အဲဒီကျောင်းကို အစိုးရကနေ အဲဒီစနစ်ဖျက်သိမ်းဖို့ အမိန့်ချပြီး လူဖြူလူမဲချစ်ကြည်ရေးအနေနဲ့ လူမဲတွေအနေများတဲ့ တစ်ဘက်မြို့က လူမဲတစ်ဝက်ကို ဘော်စတွန်ကကျောင်းမှာ တက်စေပြီး လူဖြူတစ်ဝက်ကို လူမဲတွေနေတဲ့မြို့ကို ပို့လိုက်တယ်။ ဒီတော့ လူမဲတွေကြားမနေချင်တာရော ကျောင်းပြောင်းခံလိုက်ရတာရော ပေါင်းပြီး လူဖြူလူမဲ အဓိကရုဏ်းတွေဖြစ်ကုန်တယ်။Justin Chatwineနဲ့ မူလ war machine Terrence Howardတို့ရဲ့ သရုပ်ဆောင်စကေးကောင်းကောင်လေးကိုကြည့်ရမယ့် ရုပ်ရှင်ပါ။ သူတို့သရုပ်ဆောင်ကောင်းသလို ဇာတ်ကလည်း emotionalဖြစ်စရာလေးတွေပါလို့ ကြည့်ကောင်းတဲ့ ဒရာမာရုပ်ရှင်တစ်ကားပါပဲ။ လူမဲတွေရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ လူဖြူတွေရဲ့ အမြင်တွေကို နှစ်ဘက်လုံးကို ပြထားတဲ့ လူဖြူလူမဲအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး ...
movie
The Walk (2022)
6.7
Father Stu (2022)
Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie
Father Stu (2022)
2022
8.3
A Clockwork Orange (1971)
[Unicode]A Clockwork Orange =============== IMdb Rating - 8.3/10 Directed by Stanley Kubrick"ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။"ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ ...
movie
A Clockwork Orange (1971)
7.3
The Big Ugly (2020)
မိတ်ဆွေအရင်းတွေဖြစ်တဲ့ရေနံလုပ်ငန်းရှင် ပရစ်စတွန်နဲ့ ဟာရစ်က အနောက်ဗာဂျီးနီးယားကိုအလုပ်ကိစ္စနဲ့လာခဲ့ကြတယ်။ တစ်ရက်မှာ ပရစ်စတွန်ရဲ့သား ကြောင့် ဟာရစ်ရဲ့အားအကိုးရဆုံးအလုပ်သမား နီးလင်းရဲ့ ရည်းစားကောင်မလေး သေသွားခဲ့တယ်။ ဒီကိစ္စကိုနှစ်ဖက်လုံးကသိသွားတဲ့အခါ မိတ်ဆွေနှစ်ယောက်ရဲ့ရင်းနှီးမှုပျက်စီးသွားမှာလား။ နီးလင်းကရော သူ့ကောင်မလေးကို သတ်တဲ့သူကိုလိုက်ရှာပြီးဘယ်လိုပြန်ကလဲ့စားချေမှာလဲ။ ၂၀၂၀ မှာထွက်ရှိထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးမို့ ဆက်ဆက်ကြည့်လိုက်ကြပါဦး File Size - 1.1 gb Quality - web-dl 1080p Subtitle - Burmese Translator - Floria Encoder - Thit San Khant
movie
The Big Ugly (2020)
2020
5.7
Princess of Thieves (2001)
Princess of Thieves (2001)===================IMDb Rating - 5.7/10#Unicodeဒီတစ်ခေါက်တော့ ပုံပြင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဒါရိုက်တာ Peter Hewittရိုက်ကူးထားတဲ့ Princess of Thieves နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ရော်ဘင်ဟုထ် နဲ့ သူ့သမီးဇာတ်ကြောင်းလေးကို ရိုက်ထားတာပါ။ဒီဇာတ်ကားထဲမှာ ဘုရင်သေဆုံးသွားတော့ မြို့စားမင်းရဲ့ အာဏာတပ်မက်မှု့တွေကြောင့် နောက်နန်းတက်မဲ့ဘုရင့်သားတော် တစ်ပါးကို ကြေးစားငှါးရမ်းပြီး လိုက်လံ သတ်ဖြတ်ခိုင်းပါတော့တယ်။ တချိန်ထဲမှာပဲ ဘုရင့်အပေါ် သစ္စာစောင့်သိတဲ့ ပြည်သူတွေနှင့် ပြည်သူ့အချစ်တော် ရော်ဘင်ဟုထ်ရယ် သူ့သမီးလေးရယ်ကမင်းသားလေးကို မြို့စားမင်းရဲ့ လုပ်ကြံသတ်ဖြတ်မှု လက်ထဲကနေ ဘယ်လိုကယ်တင်ကြမလဲ.... နောက်ပြီးရော်ဘင်ဟုထ်ရဲ့ သမီးနဲ့ မင်းသားလေးရဲ့ အချစ်ဇာတ်လမ်းလေးတွေကို ဒီကားထဲမှာ ကြည့်ရှုရမှာပါ.........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တော့ ပုံပြင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဒါရိုက်တာ Peter Hewittရိုက်ကူးထားတဲ့ Princess of Thieves ...
movie
2001
7.5
The Player(1992)
The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player(1992)
6.9
The Book of Eli(2010)
The Book of Eli(2010) တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာဇာတ်လမ်းအမျိုးအစားဆိုတာထက် မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်...ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်းကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်...ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..ထိုသို့သောမင်းသားကြီးများစာရင်းတွင် Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်...စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာတောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ဤမျှ ...
movie
The Book of Eli(2010)
2010
1
2
Next