Channel Myanmar

Metalocalypse: Army of the Doomstar (2023)

Animation

6.8
IMDB: 6.8/10 1377 votes

296736

Report error

Metalocalypse: Army of the Doomstar (2023)
=================================
IMDb Rating – 6.8/10

American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse
တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ “Metalocalypse:
The Doomstar Requiem” ရဲ့ Sequel ဖြစ်တဲ့ “Metalocalypse: Army of the
Doomstar”(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး
အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း
ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb
rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။

Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း
ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း
တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့”Song of
Salvation”ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ်
လိုကယ်တင်နိုင်မှာလဲ၊ “Song of Salvation”ဆိုတာ ဘာကြီးလဲတောင် Dethklok
အဖွဲ့သားတွေမသိကြပါဘူး။ နေသန်ဟာ အဲဒီအချိန်တုန်းက စော်ငြင်းခံရတဲ့အပြင်
ရှင်သန်ခြင်းအဓိပ္ပာယ်တွေပါပျောက်ဆုံးနေတာပါ။ သူရေးသမျှကလည်း သေခြင်း
တရားအကြောင်းတွေချည်းပဲဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ရှင်သန်ခြင်းနည်း
ကို မသိဘဲစိတ်ဓာတ်ကျနေတာမို့လို့ အဲဒီသီချင်းကိုမရေးနိုင်ဖြစ်နေပါတယ်။

ဟိုဗီလိန်တွေကလည်း သူသီချင်းရေးနိုင်သွားမှာစိုးလို့ နည်းမျိုးစုံနဲ့လိုက်နှောက်ယှက်
ပါတယ်။ ဆိုတော့ကာ နေသန်တစ်ယောက် ပျောက်ဆုံးနေတဲ့သူကိုယ်သူပြန်ရှာဖွေပြီး
“Song of Salvation”ကိုဘယ်လိုရေးမလဲ၊ သီချင်းတစ်ပုဒ်တည်းနဲ့ ဂြိုဟ်ပျက်မဲ့ကိန်း
ကနေ ဘယ်လိုကာကွယ်မလဲ‌ဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Ngwe Zin ဖြစ်ပါတယ်)

File Size……….(1.2 GB) / (453 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 23Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Animation
Translator……Ngwe Zin
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Metalocalypse: Army of the Doomstar (2023)
Metalocalypse: Army of the Doomstar (2023)
Metalocalypse: Army of the Doomstar (2023)
Metalocalypse: Army of the Doomstar (2023)


No downloads available

Genres



Related movies