Channel Myanmar

Marie-Josée Croze

The Diving Bell and the Butterfly (2007) Le scaphandre et le papillon 8.0
The Diving Bell and the Butterfly (2007) Le scaphandre et le papillon The Diving Bell and the Butterfly (2007)ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက်တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက်လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက်စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့်သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့The Diving Bell and the Butterflyဆိုတဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးလေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက်အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ File size…      2.8 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ..... ...
movie

The Diving Bell and the Butterfly (2007) Le scaphandre et le papillon

Collision (2013) 5.9
Collision (2013)  ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ။စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာမော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာကားမတော်တဆဖြစ်ခဲ့ပါတယ် ။ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာသောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်းမဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီးကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူသူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါတော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်းရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ... အိုမာဟာ ဘယ်လိုလူလဲ ။စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ...
movie

Collision (2013)

In Her Name (2016) 7.0
In Her Name (2016)  ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကိုလက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကိုမိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်းအကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်ကရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီးDaniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH ...
movie

In Her Name (2016)

The Forgiven (2021) 6.0
The Forgiven (2021) နာမည်ကျော်မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Ralph Fiennes, Jessica Chastain တို့အပြင် အားလုံးအချစ်တော်မင်းသားကြီး Matt Smith ပါ၀င်အားဖြည့်ထားတဲ့ Mystery drama ကားလေးပါ။ လူချမ်းသာဆရာ၀န်တစ်ယောက်ဖြစ်သူ David နဲ့သူ့ဇနီး Jo တို့ဟာမော်ရိုကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ပါတီပွဲတစ်ခုကိုအမှီသွားနိုင်ဖို့ David ဟာအရက် သောက်ထားပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနေရာက ဒေသခံမော်ရိုကိုကောင်လေးတစ်ယောက်ကို ကားနဲ့တိုက်သတ်လိုက်မိပါတယ်။ ဒီမတော်တဆမှုနောက်ဆက်တွဲကနေ David တို့ဇနီးမောင်နှံရဲ့ဘ၀လည်းပြောင်းလဲသွားပါတော့တယ်။ ဥရောပတိုက်သားတွေနဲ့ ဒေသခံမူစလင်တွေကြား ယဉ်ကျေးမှုကွဲပြားပုံတွေကြောင့် နားလည်မှုတွေလွဲမှားကုန်တာတွေကိုလည်း စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။File size…(1.86GB) / (903MB) / (416MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Forgiven (2021)

Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

Calvary 2014 7.4
Calvary 2014 ဖာသာဂျိမ်းက လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကြိုးစားနေထိုင်ခဲ့သူပေါ့။ တစ်ရက်မှာတော့ သူတာဝန်ထမ်းဆောင်ရာ ကက်သလစ်ဘုရားကျောင်းကို လူတစ်ယောက် ရောက်လာပြီး အပြစ်ဝန်ခံ အပြစ်ဖြေတာလာလုပ်ပါတယ်။ ဒီလို ဝန်ခံမှုလုပ်တဲ့အခါ တစ်ဖက်လူကို ဘုန်းတော်ကြီးတွေက မသိရတာ များပါတယ်။ အဲဒီလူက သူငယ်ငယ်က ဘုန်းကြီးတစ်ပါးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေရောက်ရင် ကမ်းခြေမှာ ဂျိမ်းကို လာသတ်မယ်ဆိုတဲ့အကြောင်းပါ အသိပေးသွားပါတယ်။ ဒီလိုလုပ်ရတာက ဘုရားကျောင်းအဖွဲ့အစည်းအတွက် ဘုန်းကြီးဆိုးတွေကို သတ်တာထက် ဂျိမ်းလို ဘုန်းကြီးကောင်းတွေကို သတ်တာက ပိုထိခိုက်မှာပဲလို့ ယူဆတယ်လို့ သူက ဆိုသွားပါတယ်။ ဖာသာဂျိမ်းက သူ့အထက်က ဘုန်းတော်ကြီးကို ဒီအကြောင်း လျှောက်တင်တဲ့အခါ ရဲတိုင်ဖို့ မတိုင်ဖို့က ကိုယ်တိုင် ဆုံးဖြတ်ဖို့အကြောင်းကိုပဲ ပြောသွားပြီး ဘာတာဝန်မှ မယူသွားပါဘူး။ တစ်ပတ်အတွင်းမှာ ဂျိမ်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘဝအတွက် ဘာတွေ ...
movie

Calvary 2014

Munich (2005) 7.5
Munich (2005) Munich (2005)IMDb - 7.5/10_____Rotten - 78%  ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
movie

Munich (2005)

2005