Channel Myanmar

Marion Cotillard

Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie

Big Fish (2003)

2003
April and the Extraordinary World (2015) 7.4
April and the Extraordinary World (2015) Imdb 7.4 ရရှိထားတဲ့ ပြင်သစ် ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ စိတ်ကူးယဉ် သိပ္ပံကာတွန်းကားမျိုးဖြစ်ပေမဲ့ တွေ့နေရကျပုံစံနဲ့ကွဲပြားပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမိုင်းတွေ မှာသိခဲ့တာထက် တော်တော် ကို ကွဲပြားနေပါတယ်။ အဲ့အချိန်မှာ နပိုလီယံ ၅ က ပြင်သစ်နိုင်ငံ ကို အုပ်စိုးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာလည်း ပညာရှင်တွေ ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားလေ့ရှိတယ်။ ဒီတော့ ဒီလိုပျောက်ဆုံးသွားတဲ့ အတွက်ကြောင့်နာမည်ကျော်တီထွင်မှု့တွေ ဖြစ်မလာတော့ဘူးပေါ့။ ရေဒီယိုမရှိတီဗွီဆိုတာမရှိ ဒီဇယ်အင်ဂျင်ဆိုတာလည်းမရှိ ကမ္ဘာကြီးဟာ တော်တော်ကို ခေတ်နောက်ကျ လို့နေတာပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက တွေ့ ရှိခဲ့တဲ့ ကျောက်မီးသွေး ရေနွေးငွေ့ အင်ဂျင် ဆိုတဲ့ အခြေအနေမှာပဲ ရပ်တံ့ နေတာပါ။ ဒီလိုအခြေအနေမှာ အေဗရယ်လ် ရဲ့ မိဘတွေဟာ သက်ရှိတွေ အတွက် ထူးဆန်းတဲ့ဆေးရည်ကို တီထွင်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဆေးရည် အောင်မြင်တဲ့ အချိန်မှာ ...
movie


2015
Assassin’s Creed (2016) 5.7
Assassin’s Creed (2016) Assassin's Creed (2016)_____IMDb - 5.7/10   ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကိ ုပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ ...
movie

Assassin’s Creed (2016)

2016
Allied (2016) 7.1
Allied (2016) Allied (2016)_____IMDb - 7.1/10ဒီဇာတ်လမ်းလေးဟာဆိုရင် စပိုင် မက်စ်ဗေတန်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် မက်စ်ဟာဆိုရင် ၁၉၄၂ ခုနှစ်မှာ ဟစ်တလာရဲ့ ဂျာမန် အရာရှိတစ်ဦးကို လုပ်ကြံဖို့အတွက် ရန်သူ့နယ်မြေထဲမှာ မာရီရာနား ဘွန်စေဂျော ဆိုတဲ့ စပိုင်မလေးတစ်ယောက်နဲ့ တွဲဖက် တာဝန်ပေးခြင်းကိုခံရပါတယ် ဒီလိုနဲ့ သူတို့ တာဝန်ကို ကျေပြွန်စွာထမ်းဆောင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ စပိုင်နှစ်ဦးဟာ ချစ်မိသွားကျပြီး လန်ဒန်မှာ ဘဝတစ်ခု ထူထောင်ပါတော့တယ်။ ဒီလိုနဲ့ ရင်သွေးလေး တစ်ယောက်မွေးဖွားပြီး သာယာတဲ့ ဘဝကိုပိုင်ဆိုင်နေကျတဲ့ ဇနှီးမောင်နှံနှစ်ဦးအတွက် ဂြိုလ်ဆိုး ဝင်လာပါတော့တယ် ...မက်စ် ကို ဗွီဆက်ရှင် လို့ခေါ်တဲ့ ဋ္ဌာနက ဆင့်ခေါ်တာကို ခံခဲ့ရပါတယ် အဲ့ဋ္ဌာကိုရောက်တဲ့ အခါမှာတော့ သူ့ဇနီးဟာ ဂျာမန် စပိုင်တစ်ယောက်ပါ လို့ ဗွီဆက်ရှင်က အထောက်အထားနဲ့ စွပ်စွဲပါတော့တယ် ... ဒါ့အပြင်ဂျာမန်စပိုင် တစ်ယောက်ရဲ့ ထွက်ဆိုချက်အရ မာရီရာနား ဘွန်စေဂျောကို လွန်ခဲ့တဲ့ ...
movie

Allied (2016)

2016