Channel Myanmar

Maritoni Fernandez

[18+] Gayuma (1995) 7.1
[18+] Gayuma (1995) Gayuma (1995)လင်းန်ဆိုတာက နယ်မြို့သူလေးတစ်ယောက်ဖြစ်ပြီး မိခင်နဲ့အတူနေထိုင်ပါတယ်။ အိပ်မက်အကြီးကြီးတွေရှိတဲ့ လင်းန် အမြဲတမ်းစိတ်ကူးယဉ်နေတာက တစ်ချိန်က သူတို့သားအမိကိုပစ်ပြေးပြီး ပြည်တော်ပြန်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဖခင်ဖြစ်သူဆီကိုလိုက်သွားပြီး အခြေချနိုင်ဖို့ပါ။လစ်ဒီယာကတော့ မြို့တော်ကြီးရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာနေထိုင်ပါတယ်။ အစပိုင်းမှာ ချစ်ခင်လို့လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖြစ်ပေမဲ့ ကလေးမရနိုင်တာကိုသိသွားတဲ့နောက် ခင်ပွန်းဖြစ်သူက သူ့ထက် လောင်းကစားဘက်ကို ပိုစိတ်ဝင်စားပြီး အမြဲအချိန်ကုန်တတ်ပါတယ်။ ဒီအတွက် လစ်ဒီယာက ခင်ပွန်းဖြစ်သူရဲ့အချစ်ကိုပြန်ရဖို့အတွက် အထက်လမ်း အောက်လမ်း နည်းမျိုးစုံနဲ့ ကလေးရဖို့ ကြိုးစားနေပါတယ်။ဘာတစ်ခုမှအဆက်အစပ်မရှိတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဘ၀တွေဟာ စွန့်စားပြီးမြို့တက်လာခဲ့တဲ့ နယ်သူလေး လင်းန်တစ်ယောက် မြို့မှာ ဒုက္ခတွေဆင့်ကဲ ဆင့်ကဲတွေ့ကြုံရာကနေ လစ်ဒီယာရဲ့ စာနာကယ်တင်မှုကိုခံလိုက်ရချိန်မှာတော့ အပြောင်းအလဲတွေကြုံရဖို့ဖြစ်လာပါတော့တယ်။လင်းန်ရဲ့ အမေရိကန်အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မလား... လစ်ဒီယာရဲ့ လင်ချစ်ဆေးဖော်တဲ့ မစ်ရှင်အောင်မြင်နိုင်မှာလား... အစရှိတာတွေကို အဲဒီခေတ်က ဖိလစ်ပိုင်ရဲ့နောက်ခံအခင်းအကျင်းပေါင်းစုံနဲ့ ရှုစားရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.95GB, 1.4GB Quality - ...
movie

[18+] Gayuma (1995)

1995
Days of Being Wild (1990) 7.6
Days of Being Wild (1990) [Unicode]IMdb Rating. = 7.6/10"အရိုင်းဆန် နေ့ရက်များ"၁၉၆၀ ဧပြီလ၁၆ရက်နေ့ သုံးနာရီထိုးဖို့ တစ်မိနစ်အလို ဇာတ်ကောင်ဟာ မိန်းကလေးနဲ့အနီးဆုံးရပ်နေပြီး နာရီရဲ့စက္ကန့်လက်တံ သုံးနာရီအတိထိ တစ်ချက်ချင်းသွားတာကို သူတို့အတူကြည့်နေကြတယ်။ ဒီတစ်ခေါက် စက္ကန့်လက်တံ ရှေ့တွန်းလိုက်တာဟာ မိနစ်လက်တံတစ်ချောင်းတည်းတော့မဟုတ်ဘူး။ ကြားဖူးတယ်မလား တစ်ခါတလေကျ တစ်မိနစ်ဆိုတာ တစ်ဘဝလုံးလောက်လည်း ရှည်ကြာနိုင်တယ်။ဇာတ်ကောင်ဟာ မိန်းကလေးကိုပြောလိုက်တယ်။ " မင်းကြောင့်ငါ ဒီတစ်မိနစ်ကို အမြဲအမှတ်ရနေတော့မှာ"တဲ့။ တစ်မိနစ်တာစတင်မှုဟာ အခုတော့ မိန်းကလေးအတွက် သူနဲ့တစ်နေ့တစ်နာရီ နှီးနှောမှုအသွင်ပြောင်းလဲသွားခဲ့ပြီ။ တစ်လွှာချင်းပြန်ဝတ်ရတဲ့ အဝတ်အစားတွေအတွက် မိန်းကလေးမှာ မေးစရာစကားလုံးနှစ်လုံးရှိတယ်။ လက်....ထပ်....။ ဇာတ်ကောင်ဟာ ရဲတင်းတယ်။ ထီမထင်ဘူး။ ဇာတ်ကောင်ဟာ လက်ထပ်ယူတတ်တဲ့စရိုက်မျိုးမရှိဘူး။ ဒီတော့ မိန်းကလေးဟာဒီကိုပြန်လာစရာအကြောင်းမရှိဘူး။ ဇာတ်ကောင်ဟာ အပူအပန်မရှိဘူး။ လွမ်းဆွေးမှုမရှိဘူး။ သွေးအေးတယ်။ "ရှင် ကျွန်မကို တကယ်ချစ်ခဲ့ဖူးလား"တဲ့ မိန်းကလေးက ဇာတ်ကောင်ကိုမေးတယ်။ ဇာတ်ကောင်ဟာအေးစက်တယ်။ခံစားချက်မဲ့တယ်။ " ငါ့ဘဝမှာ နောက်ထပ်မိန်းမ ဘယ်နှယောက်ကို ချစ်မိဦးမလဲ ငါမသိနိုင်ဘူး ငါ့ဘဝနောက်ဆုံးအချိန်မရောက်သေးခင်အထိ ငါ့အချစ်ဆုံးက ဘယ်တစ်ယောက်လဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့ ဖြေတယ်။ ဒီလိုနဲ့ သူတို့ကျောခိုင်းသွားကြပြီ။စစလာကတည်းကိုက ဘဝဟာဝေဒနာပဲမဟုတ်လား။ ဇာတ်ကောင်ဟာဒဏ်ရာများတယ်။ ဇာတ်ကောင်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်တယ်။ ဇာတ်ကောင်မှာ အသိုက်မရှိဘူး။ ဒါဆို ဘယ်လိုငှက်မျိုးလဲ။ ဇာတ်ကောင်ပြောတာကတော့..... "ခြေထောက်မရှိတဲ့ ငှက်တစ်မျိုးရှိတဲ့အကြောင်း ကျုပ်ကြားဖူးတယ်။ သူလုပ်နိုင်တာဆိုလို့ ပျံပြီးရင်းပျံဖို့ပဲရှိတယ်။သူမောပန်းလာတဲ့အခါကျ လေထဲမှာ အိပ်တယ်။အဲ့ဒီငှက်က ...
movie

Days of Being Wild (1990)

1990