Channel Myanmar

Markus Schleinzer

Sisi & I (2023) 6.8
Sisi & I (2023) Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

Sisi & I (2023)

2023
The Conference (2022) 7.3
The Conference (2022)  သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ ...
movie

The Conference (2022)