Channel Myanmar

Martha Issová

We Have Never Been Modern (Usvit) (2023) 7.0
We Have Never Been Modern (Usvit) (2023) ဇာတ်လမ်းအကျဉ်းကတော့ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ File size…(2 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

We Have Never Been Modern (Usvit) (2023)

Even Mice Belong in Heaven (2021) 7.2
Even Mice Belong in Heaven (2021) IMDb Rating (7.2) / Rotten Tomatoes (100%)အခုလို ဆောင်းရာသီလေးမှာ ​ပေါ့​ပေါ့ပါးပါးနဲ့ ကာတွန်းကားကောင်းလေးတစ်ကားကြည့်ဖို့ စိတ်ကူးရှိတယ်ဆိုရင် လောလောလတ်လတ်ထွက်ရှိထားတဲ့ Even Mice Belong In Heaven ဆိုတဲ့ ကာတွန်းကားလေးကို ညွှန်းလိုက်ပါရစေ။ထူးထူးခြားခြားအနေနဲ့ ဒီကားလေးကို ရုပ်သေရုပ်ဆက်ရိုက်ချက်(stop motion technique)နဲ့ ရိုက်ကူးထားတဲ့အတွက် ကြည့်ရတာဆန်းနေပါလိမ့်မယ်။ ဒီကားလေးမှာ ရဲစွမ်းသတ္တိရှိရမယ် ရှိတယ်လို့ အထင်​ရောက်​နေတဲ့ ကြွက်ကလေးတစ်ကောင်နဲ့ ဘုမသိဘမသိ ​ကောင်းကင်ဘုံကို ရောက်သွားရရှာတဲ့ မြေခွေးတစ်ကောင်ရဲ့ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ကြွက်မလေးဟာ ရဲစွမ်းသတ္တိရှိတယ်လို့ ပြချင်တာနဲ့ပဲ မြေခွေးရဲ့ အမွှေးသွားဆွဲနှုတ်ရာကနေ ၂ ကောင်လုံး ကားတိုက်ခံရပြီး ​ကောင်းကင်ဘုံ ရောက်သွားကြတယ်။ ​ကောင်းကင်ဘုံ​ရောက်​ရောက်ချင်း ​ရေချိုးရမယ်ဆို​တော့ ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိတယ်ပြောပြော ရေအသေကြောက်ကြတဲ့ ၂ ကောင်လုံးဟာ ​ကောင်းကင်ဘုံမှာ ပေါက်ကရတွေစဖြစ်ပါတော့တယ်။မရောက်ဖူးတဲ့နေရာကလည်းဖြစ် ကြောက်ကလည်းကြောက်၊ မတည့်ကလည်းမတည့်နဲ့ ၂ ကောင်ပေါင်းလောင်းကျော်ပြီး သံယောဇဉ်တွေဖြစ်လာ၊ ...
movie

Even Mice Belong in Heaven (2021)

Resistance (2020) 6.0
Resistance (2020) Resistance (2020)==============IMDb Rating - 6.0/10#Unicodeဒီဇာတ်ကားရဲ့ အညွှန်းကိုမဖတ်ခင် . မင်းသားကိုမြင်တာနဲ့ ကြည့်ချင်သွားစေမယ်ဆိုတာတော့မှန်တယ်မှတ်လား။ ဟုတ်ပါတယ် Now You See Me လို အစရှိတဲ့နာမည်ကြီး ကားတော်တော်များများ ရိုက်ကူးထားတဲ့ မင်းသား Jesse Eisenberg က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်း အညွှန်းလေး ကို ပြောပြရရင်တော့ . . .သတ္တိရှိတယ်ဆိုတာ ကြောက်ရွံ့ခြင်းကို ဖြတ်ကျော်ပြီး ရဲရင့်လိုက်တဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။ကိုယ့်အသက်ကို ရင်းပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ရဲတာ သူရဲကောင်းပါ။ ဒီဇာတ်လမ်းကတော့ ဒုတိယ ကမ္ဘာစစ်က ဂျူးလူမျိုး၊ အနုပညာရှင် သူရဲကောင်းတစ်ယောက် ရဲ့ ကိုယ်ကျိုးစွန့်ပြီးသူများအကျိုးအတွက် ပထမဆုံး ရဲရင့်ဖူးတဲ့အချိန်ကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ မင်းသားJesse Eisenberg သရုပ်ဆောင်ကောင်းတာနဲ့ ဇာတ်လမ်းသွက်သွက်လေးနဲ့ တင်ဆက်ပုံ ကောင်းတာလေးတွေက နှစ်နာရီနီးပါးကြာတဲ့ တစ်ကားလုံးကို ခဏလေးလို့ ထင်ရလောက်အောင် ...
movie

Resistance (2020)

2020
The Zookeeper’s Wife (2017) 7.0
The Zookeeper’s Wife (2017)  ဒီဇာတ်ကားက စစ်ကားကြိုက်တဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။၁၉၃၉ခုနှစ် ပိုလန်ကအကြောင်းကို အခြေပြုရိုက်ထားတာပါ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့အန်တိုနီနာ ဇဘင်စကီရဲ့ ဂရုစိုက်မှု နဲ့ သူမယောကျာ်း ဂျန် ဇဘင်စကီရဲ့  ဦးဆောင်မှုကြောင့် ၀ါစော်တိရစ္ဆာန်ရုံဟာ များစွာကာင်းမွန်လာခဲ့ပါတယ်။ဒါပေမယ့် နာဇီတွေ ပိုလန်နိုင်ငံကို ကျူးကျော်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ နာဇီတွေရဲ့ တိရစ္ဆာန်ဗေဒပညာရှင် လုဇ်ဟက်နဲ့ အလုပ် တူတူတွဲလုပ်ဖို့ ဖိအားပေးခံရပါတော့တယ်။ဇဘင်စကီလင်မယားက တော်လှန်ရေးအဖွဲ့နဲ့ စတင်ပူးပေါင်းပြီး ၀ါစော်ဂတ်တိုမြို့ကနေ ရာပေါင်းများစွာသော ဂျူးတွေကို ဘယ်လို အစီအစဉ်ချပြီး ကယ်တင်မလဲ။နာဇီတွေရဲ့ မျက်စိရှေ့မှာ ဘယ်လိုလှည့်စားပြီး ၀ှက်ထားမလဲဆိုတာကတော့………….တစ်ကယ်ကို ၀မ်းနည်းစရာ စိတ်လှုပ်ရှားစရာ ဥာဏ်ကွန့်မြူးစရာ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလို့ ညွှန်းပါရစေ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ အဉ္ဇလီ သန်းထိုက် ပါ)  File Size : (850 MB) and (360 MB) Quality : ...
movie


2017