Channel Myanmar

Matthias Brandt

Afire (2023) 7.4
Afire (2023)  IMDb 7.4 နဲ့ Rotten Tomatoes 91%ရထားတဲ့ ဂျာမန်ဒရာမာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။စာရေးဆရာတစ်ယောက်ဖြစ်တဲ့ လီယွန်နဲ့ အနုပညာကျောင်း၀င်ခွင့်အတွက် ကိုယ်ရေးအချက်အလက်ပြုစုနေတဲ့ ဖီးလစ်တို့ သူငယ်ချင်းနှစ်ဦးဟာ ကမ်းခြေနဲ့နီးတဲ့တောအုပ်‌ထဲက အိမ်လေးတစ်အိမ်မှာ အေးအေးလူလူ အလုပ်လုပ်ဖို့အတွက် ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ အိမ်ကိုရောက်တဲ့အချိန်မှာတော့ ဖီးလစ်ရဲ့အမေဟာ နောက်ထပ်အိမ်ငှားတစ်ယောက်ဖြစ်တဲ့ နာဒီယာဆိုတဲ့မိန်းကလေးကိုလည်း အိမ်ပေါ်တင်ထားတာကိုသိလိုက်ရချိန်မှာတော့ လီယွန်တို့နှစ်ယောက်ဟာ အိမ်ကို ရုရှားမလေးဖြစ်တဲ့ နာဒီယာနဲ့ အတူမျှသုံးရ‌ပါတော့တယ်။ဖီးလစ်ဟာ ကမ်းခြေမှာ အသက်ကယ်ရေကူးသမားအလုပ်ကိုလုပ်ကိုင်တဲ့ ဒေးဗစ်လို့အမည်ရတဲ့ ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက်နဲ့ အဖွဲ့ကျလာပြီး ဒေးဗစ်တစ်ယောက် သူတို့အုပ်စုထဲကို ထပ်တိုးလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ လီယွန်တို့အိမ်လေးရဲ့ အနီးတဝိုက်က တောအုပ်တွေမှာ တောမီးတွေလောင်နေပြီး ထိန်းချုပ်ဖို့ရာခက်ခဲနေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်မှာ အက်ရှင်ခန်းတွေ၊ စိတ်လှုပ်ရှားစရာတွေ မပါ၀င်ပါဘူး၊ အဓိကက ရုပ်ရှင်ထဲက ကာရိုက်တာတွေရဲ့ ပင်ကိုစရိုက်၊ ပြုမူပြောဆိုပုံ၊ စိတ်ခံစားချက်၊ မျက်မှောက်ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထားတွေကို အသားပေးပြီးရိုက်ကူးထားတာမလို့ ဒရာမာကားကြည့်ရတာကို နှစ်ခြိုက်ရင်တော့ မြည်းစမ်းကြည့်ရှုကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ... File size…(1.7 GB)/(926 ...
movie

Afire (2023)

The Conference (2022) 7.3
The Conference (2022)  သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ ...
movie

The Conference (2022)

Transit(2018) 7.0
Transit(2018) Transit(2018)*************ငါတို့ဟာ တရွေ့ပြီးတရွေ့ ငါတို့ဟာ တငွေ့ငွေ့ ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ(ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကိုလှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ် ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီးဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာသူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ ...
movie

Transit(2018)