Channel Myanmar

Mel Blanc

The Chipmunk Adventure (1987) 7.2
The Chipmunk Adventure (1987) ဒီ​ Animationဇာတ်ကား​လေးက၁၉၈၇ကတည်းက ထွက်ရှိခဲ့တဲ့Chipmunk​လေး​တွေရဲ့ စွန့်စားခန်းကာတွန်းကား​ပဲ ဖြစ်ပါတယ်။IMDbမှာ 7.2အထိ ရရှိထားပါတယ်။ဇာတ်လမ်းက​တော့ သူတို့ရဲ့သခင်ဖြစ်သူ ​ဒေ့ဗ် ဥ​ရောပကို အလုပ်နဲ့ခရီးထွက်သွားချိန် အိမ်မှာကျန်ခဲ့တဲ့ အယ်လ်ဗင်တို့ ချစ်မန့်ရှဉ့်​လေး ၃ကောင်နဲ့ဘရစ်တနီတို့ ချစ်ပတ်ရှဉ့်​လေး ၃​ကောင်တို့ကမ္ဘာတစ်ပတ်ဂိမ်းပြိုင်​ဆော့​​နေရင်းသူနိုင်ကိုယ်နိုင် ငြင်း​နေချိန် က​လောက်စ်နဲ့ က​လောက်ဒီယာ ဆိုတဲ့သူ​ဌေး​မောင်နှမနှစ်​ယောက်က ရှဉ့်​လေး​တွေကို စရိတ်ငြိမ်းအ​နေနဲ့တကယ့်အပြင်မှာ ကမ္ဘာပတ်ရမဲ့ ပြိုင်ပွဲတစ်ခု လုပ်​ပေးမယ်ဆိုပြီး​ပြောလာပါတယ်။ တကယ်​တော့ အဲဒီ​သူ​ဌေး​မောင်နှမ​တွေကစိန်မှောင်ခိုကုန်သည်​တွေဖြစ်ပြီး ရဲ​​တွေမရိပ်မိ​​အောင်အယ်လ်ဗင်တို့နဲ့ကမ္ဘာအနှံ့က စိန်​မှောင်ခိုဝယ်သူ​တွေဆီတစ်ဆင့်ခံပို့​ပေးဖို့ အကြံနဲ့ပြိုင်ပွဲလုပ်​ပေးတာပါ။ အယ်လ်ဗင်နဲ့ ဘရစ်တနီတို့​တွေ အသုံးချခံဖြစ်နေတာကို သိသွားကြမလား၊ သူတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ထဲမှာဘယ်လို အခက်အခဲ​နဲ့ အန္တရာယ်​တွေကို စွန့်စား​ကျော်ဖြတ်ရမလဲဆိုတာ ချစ်စဖွယ်ကြည့်ရှုရမှာပါ။  File size…      1.5 GB /  500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

The Chipmunk Adventure (1987)

Breakfast at Tiffany’s (1961) 7.6
Breakfast at Tiffany’s (1961) Breakfast at Tiffany's (1961)~ IMDb - 7.6/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒ‌ရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb - 7.6/10 || Rotten Tomatoes - 88% အသီးသီးရရှိထားပြီး Breakfast at Tiffany's ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်‌ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး ...
movie

Breakfast at Tiffany’s (1961)

1961
The Sword in the Stone (1963) 7.2
The Sword in the Stone (1963) The Sword in the Stone (1963) IMDb - 7.2/10_____Rotten - 66%   Old but Gold ထဲကနေ ကာတွန်းကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။၁၉၆၃ခုနှစ်ကထွက်ရှိခဲ့တဲ့ "The Sword in the Stone" ဆိုတဲ့ကားလေးပါ။ဟိုး ယခင်တိတ်ခွေခေတ်တုန်းကတည်းက ဖန်တစ်ရာတေအောင် ကြည့်ခဲ့ပြီး မကြည့်ရသေးတဲ့ သူတွေကိုလည်း ကားကောင်းလေးဖြစ်ကြောင်းလမ်းညွှန်ခဲ့ရတဲ့ Animation ကားလေးပါ...။ အခုပြန်ကြည့်ပြန်တော့လည်း ကျွန်တော်တို့ နှလုံးအိမ်ကို ဆွဲဆောင်နိုင်စွမ်းရှိနေတုန်းပါပဲ။၁၉၆၃ ကထွက်ခဲ့တဲ့ကားဆိုပေမယ့် လက်ရာကတော့ အတော်လေးကိုသေသပ်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းလေးကတော့ တော်တော်များများသိကြမယ့် အာသာဘုရင်ကြီးနဲ့ မှော်ဆရာကြီးမာလင်တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အင်္ဂလန်ပြည်မှာ ဘုရင်အဖြစ်ဆက်ခံမယ့်သူမရှိတော့တဲ့အတွက်ကြောင့် သူတစ်လူငါတစ်မင်းခေတ်ပျက်ကာလဖြစ်နေပါတယ်.. အဲ့လိုအချိန်မှာ ကျောက်တုံးတစ်တုံးအပေါ်မှာစိုက်ထားတဲ့ ဓါးတစ်ချောင်းထူးခြားစွာပေါ်လာခဲ့ပါတယ်။ အဲ့ဓါးကိုဆွဲထုတ်နိုင်သူသည် အင်္ဂလန်ရဲ့ဘုရင်ဖြစ်မည်ဆိုပြီးဓါးပေါ်မှာစာထွင်းထားတယ်ပေါ့။ တစ်ယောက်ပြီးတစ်ယောက်လာဆွဲနှုတ်ကြတယ် ဘယ်သူမှမရခဲ့ကြဘူး အဲ့လိုနဲ့နှစ်ပေါင်းများစွာကြာလာတော့ လူတွေကလဲ ဓါးကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်ပေ့ါ။ အဲ့အချိန်မှာ အာသာက ၁၂နှစ်အရွယ်ကလေးပဲရှိသေးတယ်။ ဇာတ်လမ်းက အာသာကဘုရင်ဖြစ်ရမှာပဲ သူပဲဓါးဆွဲနှုတ်နိုင်မှာပေါ့(အာသာ၊ မာလင်ဇာတ်ကားတော်တော်များများ အဲ့အတိုင်းနီးနီးပါပဲ)။ ဒါပေမယ့် မာလင်တစ်ယောက် အာသာနဲ့ဘယ်လိုတွေ့သွားမှာလဲ။ မာလင်ကိုဘယ်လိုများ နည်းပေးလမ်းပြပေးမလဲ။ အာသာကရော ဓါးဆီဘယ်လိုရောက်သွားမလဲဆိုတာတော့ Disney ရဲ့ Classic လက်ရာလေးကို ခံစားရင်းကြည့်လိုက်ပါဦးဗျ.... မှတ်ချက်။ ။မာလင်ရဲ့မှော်ပညာတွေကိုစိတ်ဝင်စားသူများအတွက် ...
movie

The Sword in the Stone (1963)

1963