Channel Myanmar

Minnie Driver

The Beekeeper (2024)
The Beekeeper (2024)  ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie

The Beekeeper (2024)

4K HEVC
Nandor Fodor and the Talking Mongoose (2023) 5.4
Nandor Fodor and the Talking Mongoose (2023)  Review ဘဘာဝလွန်ဖြစ်ရပ်တွေဆိုတာကို ယုံကြည်ကြရဲ့လား တစ်မြို့လုံးက ဟုတ်ပါတယ်လို့ ဝိုင်းပြောနေတဲ့ ဖြစ်ရပ်ဆိုရင်ရော ကိုယ်တိုင် မတွေ့ပဲယုံနိုင်မလား ဒီဇာတ်ကားလေးကတော့ Simon Pegg ပါဝင်သရုပ်ဆောင်ထားတဲ့ comedy ကားလေးတစ်ခုပဲဖြစ်ပါတယ် ဒေါက်တာ ဖိုဒေါဆိုတဲ့ သူဟာ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင် ပညာရှင်တစ်ယောက်ပါ သူဟာ ကိုယ်တိုင် မမြင်ရမချင်း ယုံကြည်တတ်တဲ့သူမျိုးမဟုတ်ပါဘူး တစ်ရက်မှာတော့ သူဟာ စကားပြောတတ်တဲ့ မြွေပါတစ်ကောင်အကြောင်း စာတစ်စောင် လက်ခံရရှိတဲ့အခါမှာတော့ အရမ်းကိုစိတ်ဝင်စားသွားပါတော့တယ် ဒီစကားပြောတတ်တဲ့ မြွေပါရှိနေတာဟာ နှစ်အနည်းငယ်ကြာပြီဖြစ်တာကြောင့် ဒီလောက်အကြာကြီး ဘယ်သူမှ လိမ်စရာအကြောင်းအရင်းမရှိသလို ‌မြွေပါနေတဲ့အိမ်ကလည်း မြွေပါကိုတွေ့ရဖို့ အခကြေးငွေကောက်ခံတာမျိုးလည်းမရှိတာကြောင့် ဒေါက်တာ ဖိုဒေါတစ်ယောက် အရမ်းစိတ်ဝင်စားသွားပြီး သူကိုယ်တိုင် သွားရောက် လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်File size…(1.2 GB)/(641 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Mystery, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Nandor Fodor and the Talking Mongoose (2023)

Owning Mahowny (2003)
Owning Mahowny (2003) Owning Mahowny (2003) ==================ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို "လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ" ဆိုတော့ "တစ်ရာ" ပါတဲ့။ "လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ" လို့ မေးတဲ့အခါမှာတော့ "နှစ်ဆယ်" လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို "နှစ်ဆယ်" နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / ...
movie

Owning Mahowny (2003)

2003
Chevalier (2022) 6.6
Chevalier (2022) Chevalier (2022) ============= IMDb Rating - 6.6/10ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georges ဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန် ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။ အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့ Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေး တွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက် ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာ ခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြား လာခဲ့ပါတယ်။Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်း သူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာ ခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်း မှာ ...
movie

Chevalier (2022)

2022
I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
Hard Rain (1998) 5.9
Hard Rain (1998) Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီးမော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size…  2.89 GB /  1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
movie

Hard Rain (1998)

1998
Ella Enchanted (2004) 6.3
Ella Enchanted (2004) Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie

Ella Enchanted (2004)

2004
The Phantom of the Opera (2004) 7.5
The Phantom of the Opera (2004) The Phantom of the Opera (2004)********************************တစ်ခေတ်တစ်ခါက Masterpiece ဖြစ်ခဲ့တဲ့ Old but gold Musical film တစ်ခုနဲ မိတ်ဆက်ပေးချင်ပါတယ်။Musical film ဆိုတဲ့အတိုင်း သီချင်းတွေအများကြီးနဲ့မို့Musical ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါ။ ပေါ်ပြူလိုင်ရာဆိုတဲ့နာမည်ကြီးပြဇာတ်ရုံကြီးတစ်ခု..မကြာခဏလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေဖြစ်လေ့ရှိပြီး ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ရှိတယ်လို့ လူအများစုယုံကြည်ကြပါတယ်။တစ်နေ့မှာတော့ ယင်းသံအမြင့်ဆုံးအဆိုရှင်ဖြစ်တဲ့ ကာလော့တာက စိတ်အလိုမကျမှုကြောင့် ချက်ချင်းထွက်သွားတဲ့အတွက်ညဘက်ပွဲလည်းရှိတာကြောင့် ခရစ္စတင်းဒါယဲရ်ဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အစားထိုးခိုင်းလိုက်ရပါတော့တယ်။အကအဖွဲ့ထဲကမိန်းကလေးဖြစ်ပေမယ့် ကာလော့တာထက်တောင်ကောင်းကောင်းဆိုနိုင်တာကြောင့်အကုန်အံ့အားသင့်သွားရပါတယ်။ဒါဟာလည်း သူ့ကိုသင်ကြားပေးနေတဲ့သူဟာ  ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ဖြစ်နေလို့ပါပဲ.. ဒါပေမဲ့ ခရစ္စတင်းကတော့ အဲဒီသူ့ဆရာကို အသံပဲကြားဖူးပြီး တစ်ခါမှမမြင်ဖူးပါဘူး..အသံပဲကြားရုံနဲ့တင် လေးစားချစ်ခင်ပြီး သူ့တေးသွားတမန်တော်လို့မှတ်ယူထားခဲ့ပါတယ်။တစ်နေ့တော့ ခရစ္စတင်းရဲ့ငယ်ချစ်ဦးဖြစ်သူ ရာအိုးလ်ဟာလည်း ပြဇာတ်ရုံကြီးထဲရောက်ရှိလာတဲ့အခါ..ခရစ္စတင်းတစ်ယောက် ငယ်ငယ်ထဲကချစ်မြတ်နိုးရသူ၊ ငယ်ချစ်ဦးဖြစ်တဲ့ရာအိုးလ်ကိုရွေးချယ်မလား။သူ့ကိုသီချင်းဆိုနိုင်အောင်သင်ပေးတဲ့ အမြဲလေးစားခဲ့ရတဲ့ဆရာဖြစ်တဲ့ ပြဇာတ်ရုံကြီးကဝိဉာဉ်ကိုပဲရွေးချယ်သွားမလား... File Size :(2.55GB)&(1.13 GB) Quality : Blu-Ray 1080P,720p,480p Format :mp4 Duration : 02:23:00 Genre : Romance , Drama , Musical Subtitle ...
movie

The Phantom of the Opera (2004)

2004
Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

Rosaline (2022) 6.3
Rosaline (2022) Rosaline (2022)(1080p ရပါပြီ)အားလုံးပဲ နာမည်ကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ရဲ့ အချစ်ဇာတ်လမ်းကို ကြားဖူကြမှာပါ။ ဒီကားကတော့ ကျွန်တော်တို့မြင်ဖူးနေကျအတိုင်း ရိုမီယိုနဲ့ ဂျူးလိယက်တို့ ချစ်သူနှစ်ဦးရဲ့ အချစ်ကိုဖော်ညွှန်းထားတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ ရိုမီယိုရဲ့ ရည်းစားဟောင်း ရိုဆာလင်းနေရာက ခံစားတင်ပြထားတဲ့ ဇာတ်လမ်းပါ။ဇာတ်ကြောင်းအနေနဲ့ကတော့ ရိုမီယိုအနေနဲ့ ရိုဆာလင်းကို ချစ်လှ ကြိုက်လှပါချည်ရဲ့ ဆိုပြီး ကဗျာတွေစာတွေနဲ့ ပိုးပန်းလာခဲ့သမျှ တစ်နေ့မှာတော့ ရိုမီယိုဟာ ပျောက်သွားပါတော့တယ်။ တစ်ရက်တော့ ရိုမီယို့နောက် လိုက်ချောင်းရင်း သူ့ကိုပိုးပန်းတဲ့နည်းတွေအတိုင်း ချစ်သူအသစ်ကို ပိုးပန်းနေတာကို တွေ့ခဲ့ရပါတယ်။ဒါ့အပြင် ရိုမီယိုရဲ့ ချစ်သူအသစ်ဟာ ရိုဆာလင်းရဲ့ ဝမ်းကွဲညီမ ဂျူးလိယက်ဖြစ်နေပြန်ပါတယ်။ ဒီတော့ ရိုဆာလင်းအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်ကာ သစ်စိမ်းချိုး ချိုးသွားသူ ရိုမီယိုကို ပြန်ရဖို့အရေး အကြံတွေထုတ်ပါတော့တယ်။ ဝမ်းကွဲညီမဖြစ်သူကိုလည်း ရိုမီယိုနဲ့ဝေးဖို့အရေး တွန်းပို့တော့တာပေါ့။ရိုဆာလင်းရဲ့အကြံတွေ အောင်မြင်ပါ့မလား? ဒါမဟုတ် ဝတ္ထုရဲ့ မူရင်းအတိုင်းပဲ ရိုမီယိုတို့ အဆုံးသတ်မလား? ဆိုတာ ...
movie

Rosaline (2022)

2022
Good Will Hunting(1997) 8.3
Good Will Hunting(1997) Good Will Hunting(1997) IMDb....8.3,,,,Rotten ...97 ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကိုဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးမက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ...သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams ကအကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ -------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာသူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်...လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ...
movie

Good Will Hunting(1997)

1997
Cinderella (2021) 4.0
Cinderella (2021) Cinderella (2021)=============ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။ကဲ အခု သူပြန်လာပြီဗျ။ အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ  Billy Porter က Fab G (fabulousgodmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ OST တွေကလည်း တကယ်ကိုဘ၀င်တွေ့စရာမလို့ Camila ...
movie

Cinderella (2021)

2021
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] GoldenEye (1995) Golden Eye

HEVC 1080p 5.1
Spinning Man (2018) 5.6
Spinning Man (2018) လူမှုရေးနယ်ပယ်ထဲက ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေထဲမှာ ဖောက်ပြန်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စကို ဒဿနိကဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ?တောင်ခါးပန်းမြို့လေးမှာ အထက်တန်းကျောင်းသူလေးတစ်ယောက် ပျောက်ဆုံးသွားတယ်။ အထက်တန်းကျောင်းသူဆိုပေမဲ့ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကျောင်းသူလေးပေါ့။ တောင်ခါးပန်းမြို့လေးမှာ ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန်ကြီးမှာ ကရက်လှေတွေငှားတယ်။ သူက ကရက်လေငှားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပေါ့။ ရုတ်တရက်ကြီး သူဘာကြောင့်ပျောက်ဆုံးသွားလည်းဆိုတာကို ဘယ်သူမှ အဖြေရှာမရဘူးဖြစ်နေတယ်။ အလောင်းလည်း မပေါ်လာဘူး။ရဲစုံထောက်တွေက အမှူနောက်ကို လိုက်ရင်းနဲ့ကနေ ဒဿနိကဆရာရဲ့ကားကို ကန်နားမှာတွေ့လိုက်တယ် လို့သတင်းရလိုက်တယ်။ ဒါဆို ဒီဆရာက ဘာလဲပေါ့။ ကျောင်းသူတွေနဲ့ ဇာတ်ရှုပ်နေတာလား? ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား? ကောင်မလေးကို ဖမ်းခေါ်သွားတာက အမည်မသိတဲ့ ရာဇဝတ်သားတစ်ယောက်ပဲလား? အဲဒီလို အနောက်ကလိုက်ရင်းကနေ အတွေးခေါ်အယူဆတွေ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ စုံထောက်နဲ့ ဒဿနိကဆရာတို့ရဲ့ အားပြိုင်မှုတွေကို ရှိလာပါတော့တယ်။ အမှန်တော့ သူတို့နှစ်ဦးလုံးက တစ်လမ်းထဲကို သွားနေတဲ့လူတွေပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက အဖြေကို ရှာတွေ့ချင်နေတဲ့လူတွေလေ။ ဒဿနိကဆရာက အတွေးအခေါ်တစ်ခုရဲ့ အဖြေကိုရှာဖွေနေတယ်။ ရဲစုံထောက်က အမှုရဲ့ အဖြေကို ရှာဖွေနေတယ်။ ဒါဆို ...
movie

Spinning Man (2018)

2018