Good Will Hunting(1997)
IMDb….8.3,,,,Rotten …97
ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..
ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn’t describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့
ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကို
ဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး
မက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ…
သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams က
အကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ –
——- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့
သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်
အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့
ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်
သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာ
သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်…
လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ် ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကို
Field’s Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်..
..ဖြစ်နိုင်ရင်အညွှန်းကိုတစ်လုံးမှမရေးဘဲတင်လိုက်ချင်တာ….
ဘာလို့ဆို ဒီကားရဲ့ရသတွေဟာ ကျွန်တော့်ရဲ့ခပ်ညံညံရေးသားချက်အောက်မှာ မှေးမှိန်သွားမှာစိုးလို့ပါ…
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Sherlockဖြစ်ပါတယ်….
File Size…(5.23GB) and (1.27GB)
Quality…BluRay 720p
Format…mp4
Duration…02:06:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by Sherlock
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။