Channel Myanmar

Moosie Drier

Ice Age: Collision Course (2016) 5.7
Ice Age: Collision Course (2016) ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို ...
movie

Ice Age: Collision Course (2016)

2016
4K HEVCHDR
People Like Us (2012) 7.0
People Like Us (2012) IMDb – 7/10 Star Trek, Wonder Woman စသည့် ဇာတ်ကားတွေနဲ့လူသိများကျော်ကြားတဲ့ မင်းသား Chris Pine ရဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ပြီးနေလာတဲ့ အဖေရဲ့ဈာပနအတွက် ဇာတိမြို့လေးကို ပြန်လာခဲ့တဲ့ Sam ဟာ သူ့အဖေက သူကြားတောင်မကြားဖူးတဲ့ လူတစ်ယောက်ကို အမွေပေးခဲ့ကြောင်း သူ့အဖေရှေ့နေဆီက သိလိုက်ရပါတယ်။ ဒါတင်မကဘဲ အဲဒီလူဆီကို အဲအမွေပိုက်ဆံသွားပေးပေးဖို့ သူ့ကိုမှာကြားခဲ့တဲ့ သူ့အဖေရဲ့ ညွှန်ကြားချက်ကိုပါတွေ့လိုက်ရတဲ့ Sam ဟာ ထိုသူသည် သူ့အဖေ့ရဲ့တိတ်တိတ်ပုန်းသမီးဖြစ်နေသည်ကို သိလိုက်ရတဲ့အခါ ဘာဆက်လုပ်မလဲ… File size…(1.7 GB)/(840 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Chyo
movie

People Like Us (2012)

Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
The ‘Burbs (1989) 6.8
The ‘Burbs (1989) ဒါကတော့အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ရဲ့လူသိပ်မသိကြတဲ့ဟာသကားလေးပါ။ ရေးပီတာဆင်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာနေသူဖြစ်ပြီး အလုပ်ကနေတပတ်အားလပ်ရက်ရထားပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ဘေးအိမ်က အိမ်နီးနားချင်းအသစ်တွေဆီက ညဘက်ကျရင်ထူးဆန်းတဲ့အသံတွေထွက်လာတတ်ပါတယ်။ အဲဒီအိမ်ကိုလူအသစ် ပြောင်းလာတာတစ်လရှိပေမယ့် သူတို့ကိုဘယ်သူမှသေချာမမြင်ဖူးပါဘူး။ သူတို့အပြုအမူတွေကလည်း ထူးဆန်းတာကြောင့် ရေးနဲ့နောက်မိတ်ဆွေနှစ်ယောက်တို့က တဖြည်းဖြည်း မသင်္ကာဖြစ်လာပါတယ်။နောက်ဆုံးတော့ ရေးတို့တသိုက် အဲဒီအိမ်ကိုအတင်းစုံစမ်းဖို့ကြိုးစားရင်းရယ်စရာတလွဲတွေဖြစ်လာပုံကို ပြသထားပါတယ်။ Star Warsမင်းသမီး Carrie Fisher နဲ့Bruce Dern,Henry Gibson တို့လည်းပါ၀င်ထားပြီး ဒါရိုက်တာကတော့ JoeDanteဖြစ်ပါတယ်။ Tom Hanksနဲ့အတူရယ်မောရင်းအပန်းဖြေလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The ‘Burbs (1989)

The Book of Life (2014)
The Book of Life (2014) တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့... ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of ...
movie

The Book of Life (2014)

2014