Channel Myanmar

Morooka Moro

One Million Yen Girl (2008) 7.1
One Million Yen Girl (2008) One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie

One Million Yen Girl (2008)

2008
[18+]Wilderness: Part 1(2017) 7.2
[18+]Wilderness: Part 1(2017) [18+]Wilderness: Part 1(2017)***************************လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက ‌ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံးအရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်....ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့်တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ်ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါ စကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်...အဲ့ဒီနောက်မှာတော့ ....လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့..ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာFile Size :(1.5GB) and (628 MB) Quality : Blu-Ray 720p Format…mp4 Duration…02:37:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  ...
movie

[18+]Wilderness: Part 1(2017)

My Man (2014) 6.2
My Man (2014) My Man (2014)အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်...မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်...ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ်တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ်ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ...ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt
movie

My Man (2014)

Tomie: Replay ( 2000 ) 5.4
Tomie: Replay ( 2000 ) Tomie Replay (2000)အသက်ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက် အစာအိမ်ကြီးတဲ့ရောဂါနဲ့အရေးပေါ်ခွဲစိတ်ကုသရာမှ ကလေးရဲ့ဗိုက်ထဲမှာရှိနေတဲ့ ခေါင်းပြတ်တစ်ခုကို ခွဲထုတ်ရရှိခဲ့ပါတယ်ထိုခေါင်းပြတ်ကြီးကို ‌ဆေးရုံမြေအောက်ခန်းက ဓာတ်ခွဲခန်းထဲမှာတိတ်တဆိတ်လေ့လာနေရာ တဖြည်းဖြည်းကြီးထွားလာပြီး ခြေလက်အင်္ဂါအစုံကြီးထွားလာပြီး တိုမီအဲပြန်ဖြစ်လာခဲ့ပါတယ်ခွဲစိတ်ခန်းဝင်ခဲ့ကြတဲ့အထဲမှ ဆေးရုံအုပ်ကြီးနဲ့သူနာပြုလေးယောက်မှာထူးဆန်းစွာပျောက်သွားပြီး ကျန်ခဲ့တဲ့ဆရာဝန်ဟာဆိုရင်လည်းဆေးရုံခေါင်မိုးထပ်မှ ခုန်ချသေဆုံးသွားပါတယ်မိတကွဲဖတကွဲနဲ့နေရတဲ့ ယုမီတစ်ယောက်သူ့အဖေဆေးရုံအုပ်ကြီး‌ပျောက်ဆုံးလို့လိုက်လံစုံစမ်းရင်း မျက်စိရှေ့တင် ကျန်ရစ်ဆရာဝန်သေဆုံးသွားတာမြင်ခဲ့ပါတယ်အဖေဖြစ်သူချန်ရစ်ခဲ့တဲ့ မှတ်စုစာအုပ်မှတစ်ဆင့် တိုမီအဲအကြောင်းတစ်စထက်တစ်စပိုပိုသိလာပြီး ဘယ်လိုတွေဖြေရှင်းမလဲ သတ်လို့လည်းမသေ သူ့သွေးထိတာနဲ့သူသွေးဆောင်ရာနောက်ပါအောင်လုပ်နိုင်တဲ့ တိုမီအဲရောဘယ်လိုအဆုံးသတ်မလဲဆိုတာဒီဇာတ်ကားလေးကို ကြည့်လိုက်ကြပါနော်ဂျပန်သရဲကားထုံးစံအတိုင်း ဆာဒါကိုလိုမျိုး သူလည်း ဇာတ်လမ်းတစ်ကြောရှိတဲ့သမိုင်းဝင်သရဲမပါပဲနော် သူ့ရဲ့ရှေ့နောက်ဇာတ်ကားနဲ့ပတ်သတ်ပြီးသိချင်တဲ့လူတွေအတွက် အောက်မှာဇာတ်ကားစာရင်းလေးပေးထားပါတယ်Tomie ဇာတ်ကားတွေတင်ဆက်ထားသမျှဒီမှာဒေါင်းနိုင်ပါတယ်1. Tomie (1999) ( တင်ဆက် ပြီး ) 2. Tomie: Another Face (1999) ( တင်ဆက်ပြီး ) 3. Tomie: Replay (2000) (ယခုကား) 4. Tomie: Re-birth (2001) 5. Tomie: The Final Chapter - Forbidden Fruit (2002) 6. Tomie: ...
movie

Tomie: Replay ( 2000 )