Channel Myanmar

Narilya Gulmongkolpech

Mayhem! (2023) 6.3
Mayhem! (2023) Mayhem 2023 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size….. 1.8GB | 962MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Mayhem! (2023)

2023
Postman (2023) 5.5
Postman (2023) ခေတ် ၄ ခေတ် ရဲ့ စာချွန်ရှင် (၂၀၂၃)စာတိုက်ကနေပို့တဲ့စာတစ်စောင် လူတွေအချင်းချင်း ဆက်သွယ်နေတဲ့စာရွက်တစ်ရွက်ဟာ သာမန်စာရွက်ဖြူတစ်ရွက်ပဲမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတဲ့စာတစ်စောင်ပါပဲ။ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်‌ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒိုဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ အချစ်‌မေတ္တာ၊ အမုန်း၊ သံယောဇဉ်၊ သစ္စာတရား အစရှိသဖြင့် ရသစုံလင်အောင် ခံစားရမှာမလို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Postman (2023)

2023
The Medium (2021) 6.9
The Medium (2021) The Medium (2021)မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့ ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စုမိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါအစ်မကြီးနွိုင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို့ ဖြစ်လာပါတယ်။ သို့ပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့ သူလွန်ရင်.... နောက်ထပ်ဆက်ခံရမယ့်သူဟာ ဘယ်သူဖြစ်လာမှာလဲ။မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ နွိုင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖို့ကို ခါးခါးသီးသီးဖြစ်နေတဲ့အခါ.... ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို့ ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။အစဉ်အလာကြီးတဲ့ ကိုးကွယ် ယုံကြည်မှု ဓလေ့ထုံးတမ်းတွေ ထိုင်း နတ်ဝင်သည်တွေရဲ့ ဘဝအစိတ်အပိုင်းတွေကို ထဲထဲဝင်ဝင် ရိုက်ကူးပြသထားတဲ့အပြင်One Day, Heart Attackစတဲ့ နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ထိုင်းနာမည်ကြီးဒါရိုက်တာBanjongနဲ့The Wailing ကဲ့သို့သော ကိုးရီးယားနာမည်ကြီး Horrorကားရဲ့ ပဲ့ကိုင်ရှင် Na Hong-Jinတို့ရဲ့ပထမဆုံး Collabလုပ် ရိုက်ကူးထားတဲ့ ဇာတ်ကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ဒါ့အပြင် ထိုင်းမှာ ကပ်ရောဂါအခြေအနေကြောင့် ...
movie

The Medium (2021)