Channel Myanmar

The Medium (2021)

2h 10min Horror

6.9
IMDB: 6.9/10 383 votes

2243956

Report error

The Medium (2021)

မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့
ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။

သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။

နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့
ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာ
နေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စု

မိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါ

အစ်မကြီးနွိုင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို့ ဖြစ်လာပါတယ်။
သို့ပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့
သူလွန်ရင်…. နောက်ထပ်ဆက်ခံရမယ့်သူဟာ
ဘယ်သူဖြစ်လာမှာလဲ။

မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ
နွိုင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖို့ကို
ခါးခါးသီးသီးဖြစ်နေတဲ့အခါ….
ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို့
ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။

အစဉ်အလာကြီးတဲ့ ကိုးကွယ် ယုံကြည်မှု ဓလေ့ထုံးတမ်းတွေ
ထိုင်း နတ်ဝင်သည်တွေရဲ့ ဘဝအစိတ်အပိုင်းတွေကို
ထဲထဲဝင်ဝင် ရိုက်ကူးပြသထားတဲ့အပြင်

One Day, Heart Attackစတဲ့
နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့
ထိုင်းနာမည်ကြီးဒါရိုက်တာBanjongနဲ့

The Wailing ကဲ့သို့သော ကိုးရီးယားနာမည်ကြီး Horrorကားရဲ့ ပဲ့ကိုင်ရှင် Na Hong-Jinတို့ရဲ့

ပထမဆုံး Collabလုပ် ရိုက်ကူးထားတဲ့ ဇာတ်ကားမို့
ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

ဒါ့အပြင် ထိုင်းမှာ ကပ်ရောဂါအခြေအနေကြောင့် ပြသခွင့်မရသေးဘဲ
ကိုးရီးယားမှာပဲ ရုံတင်ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားကို ဦးဦးဖျားဖျား မြည်းစမ်းနိုင်စေဖို့….
The Medium ဆိုတဲ့ ဇာတ်ကားကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးအတွက် CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။

Quality….WEB-DL 1080p and 720p
File size…2.5GB and 1.6GB and 488MB
Format…mp4
Duration….2h 10min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Hazel
Encoder …..August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Medium (2021)
The Medium (2021)
The Medium (2021)
The Medium (2021)
The Medium (2021)
The Medium (2021)


No downloads available

Genres



Related movies