Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niharica Raizada
8.4
IB 71 (2023)
IB 71(2023)လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle ...
movie
IB 71 (2023)
2023
8.1
Masaan (2015)
Masaan (2015) ******************** ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူ ပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။ တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက် ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်စေချင်ရင် ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေကိုပြောပါတယ်။ ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ ... ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ .... ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူး ဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း . File size…1.8GB / 728MB Quality…1080p BluRay / ...
movie
Masaan (2015)
2015