Channel Myanmar

Report error

Masaan (2015)
********************
ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ်
ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့
ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ်
ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။

ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့
ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
ဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူ
ပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။
တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက်
ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။
ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။

ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်‌စေချင်ရင်
ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေ‌ကိုပြောပါတယ်။
ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ …
ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ ….
ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ….
ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူး
ဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း .

File size…1.8GB / 728MB
Quality…1080p BluRay / 720p
Format…mp4
Duration….1h 49m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Thaik San ~ Soe Kalayar ~ Intelligence



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Masaan  (2015)


No downloads available

Genres



Related movies