Channel Myanmar

Omono Okojie

Magic Carpet Rides (2023) 7.0
Magic Carpet Rides (2023) Magic Carpet Rides (2023) ====================== IMDb Rating - 7.0/10Social Influencer တစ်ယောက်ဖြစ်တဲ့ Callie က သူနဲ့တွဲနေတဲ့ ဘဲတွေတစ်ယောက်ပြီးတစ်ယောက်အကြောင်းကို ဖောက်သည်ချပြီး အင်တာနက်ပေါ်တင်ရင်း နာမည်ကြီးဖို့ကြိုးစားနေတဲ့မိန်းကလေး တစ်ယောက်။ နောက်တော့ သူ အခုခေတ်အင်တာနက်ကမ္ဘာနဲ့အဆက် ပြတ်ပြီး ဖုန်းတောင်မသုံးဘဲ လက်တွေ့ဘဝမှာပဲနေထိုင်တဲ့ ကောင်ချော လေး Leo နဲ့တွေ့ခဲ့တယ်။အင်တာနက်မှာနာမည်ပေါက်ဖို့ကိုပဲစိတ်နှစ်ထားတဲ့ Callie လည်း သူ့ page followerတိုးပြီး လူကြိုက်များလာဖို့ရည်ရွယ်ချက်နဲ့ Leo နဲ့ဒိတ်ပြီး Leoရဲ့ အကြောင်းတွေကို ဗီဒီယိုစတင်တော့တာပါပဲ။ အဲဒီမှာ ဖုန်းစွဲနေတဲ့ အင်တာနက်ဆယ်လီ Callie နဲ့ ဖုန်းလုံးဝမသုံးဘဲ အင်တာနက်လောက အကြောင်းမသိတဲ့ Leo တို့အချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲဆို တာကိုတော့ ဒီဇာတ်လမ်းမှာရင်ခုန်စိတ်လှုပ်ရှားစွာဆက်လက်ကြည့်ရှုနိုင် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (722 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Magic Carpet Rides (2023)

Trees of Peace (2022) 6.5
Trees of Peace (2022) Trees of Peace (2022)လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။အညွှန်း နဲ့ ...
movie

Trees of Peace (2022)