Channel Myanmar
Park Ye-jin
[18+] Wet Dreams 2 (2005) 4.7
[18+] Wet Dreams 2 (2005) အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။ သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။ တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့ လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ သူ့ရဲ့ မိုက်ဖော်ဆိုးဖက် သူငယ်ချင်းမလေးတွေကလဲ သူ့စွန့်စားခန်းကို မြှောက်ပင့် အားပေး ကူညီဖို့ ရယ်ဒီပါပဲ။ Wet Dream ရဲ့နောက်ဆက်တွဲကားဖြစ်ပေမယ့် ပထမကားထက်ပိုပြီးတော့ Serious ဖြစ်တဲ့ဘက်ကိုသွားထားပါတယ်။ အပျော်တွေချည်းသက်သက်မဟုတ်ပဲနဲ့ တကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့ဘဝရဲ့ပြဿနာလေးတွေကိုပါ ပါးပါးလေးချပြသွားပြီးတော့ အချစ်ဟာသ ဇာတ်လေးကို လှလှပပခင်းသွားပါသေးတယ်။ ၂၀၀၀ ခုနှစ်ကျော်ဝန်းကျင် ခေတ်ကာလတွေ၊ အဲ့ဒီခေတ်က ကိုရီးယားရုပ်ရှင်တွေကိုပြန်သတိရလွမ်းတစေနိုင်တဲ့ အချစ်ဟာသ ...
movie
[18+] Wet Dreams 2 (2005)
Fortune Salon (2009) 5.5
Fortune Salon (2009) Fortune Salon ( 2009 )ထယ်ရန်းဆိုတဲ့နတ်ဆရာမလေးဟာ နတ်ဆရာမျိုးရိုးထဲမှာမှ လှပထက်မြက်တဲ့ နတ်ဆရာမလေးတစ်ဦးဖြစ်ပါတယ် သူနဲ့သူ့သူငယ်ချင်းတစ်စုဟာ ချောင်ဒမ်မြို့မှာ ရှေ့ဖြစ်ဟောဆလွန်းဆိုတဲ့ဆိုင်တစ်ဆိုင်ဖွင့်ထားကြပါတယ် နတ်ဆရာမလေးထယ်ရန်းက ထက်မြက်တာကြောင့် ထိုသူတို့ရဲ့အချစ်ရေးအချစ်ရာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ‌တွေနဲ့ပတ်သက်ပြီး ‌ဆွေးနွေးပေးလေ့ရှိပါတယ် ဒါပေမဲ့နတ်ဆရာထယ်ရန်းရဲ့ဘဝဟာလည်းနတ်ဆရာဖြစ်နေတာတောင် ကံကောင်းခြင်းတွေရဲ့ဖယ်ကြဉ်ခြင်းကိုခံပြီးရင်ခံနေခဲ့ရတာပါ သူမငယ်စဉ်ကသူမအမေဖြစ်သူဟောကြားပေးခဲ့တဲ့ကံကြမ္မာဟောစာတမ်းတစ်ခုရှိပါတယ် အဲ့ဒီဟောစာတမ်းအရ ထယ်ရန်းဟာကံကြမ္မာကသတ်မှတ်ပေးထားတဲ့ဖူးစာဖက်ဖြစ်သူနဲ့ အသက် ၂၈ နှစ်မပြည့်ခင်မှာတွေ့ကိုတွေ့မှဖြစ်မှာပဲဖြစ်ပါတယ် မတွေ့ရင် ထယ်ရန်းလည်းသေမှာဖြစ်သလို ဖူးစာဖက်ဆိုသူလည်းမရှင်နိုင်ပါဘူးတဲ့ ထယ်ရန်းဟာသူ့ရဲ့ဖူးစာဖက်ကလွှဲလို့ တခြားယောက်ျားသားတွေနဲ့တွဲခဲ့ရင် အဲ့ဒီယောက်ျားတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ဥပဒ်ဖြစ်စေပါတယ် ဒါကတော့ကျိန်စာသဘောမျိုးဖြစ်နေတာပါ တစ်နေ့မှာတော့ ထယ်ရန်းဟာ သူ့ရဲ့အချစ်ဦးဖြစ်သူ ဂန်ဟိုဂျွန်းဆိုသူနှင့်သူမဘဝရဲ့ဖူးစာဖက်ဖြစ်သူတို့ကိုတစ်ရက်တည်းမှာတွေ့လိုက်ရပါတယ် ဒီအခြေအနေမှာ ထယ်ရန်းကဘယ်သူကိုရွေးချယ်မလဲ အချစ်လား??? ဒါမှမဟုတ် ကံကြမ္မာကချမှတ်ထားတဲ့စည်းမျဉ်းကိုလား??? သူမဘာကိုရွေးချယ်သွားမလဲဆိုတာကို ဤဇာတ်ကားမှာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Ryuu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…1.8GB | 901MB | 330MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Ryuu Encoder ..... August
movie
Fortune Salon (2009)
2009
Josée(2020) 7.8
Josée(2020) Josée(2020)အညွှန်း*******************IMDb...7.8တစ်လောတုန်းက Start Up စီးရီးနဲ့ ဟန်ဂျီးဖြောင်းလောက်မကောင်းဘူး ဘာညာ ဝေဖန်ခံခဲ့ရတဲ့နမ်ဒိုဆမ်းရဲ့ ကားသစ်လေးလာပါပြီ....သို့ပေမဲ့ မင်းသားNam Joo-Hyuk ကတော့ အမာခံဖန်တွေလျှော့သွားတာရယ်တော့မဟုတ်...Nam Joo Hyuk နဲ့ Han Ji Min တို့ကို ဒုတိယအကြိမ်တူတူတွဲတွေ့ရတာဖြစ်ပြီးဒီကားလေးက 2003 လောက်ကထွက်ထားတဲ့ Japan movie "Josee, The Tiger and The Fish"ကို remake ပြန်ရိုက်ထားတယ်လို့ဆိုပါတယ်....Nam Joo Hyuk ကတော့ ကြင်နာတတ်တဲ့ တက္ကသိုလ်ကျောင်းသားလေးအဖြစ်သရုပ်ဆောင်ထားပြီးHan Ji Min  ကတော့ မသန်မစွမ်းကောင်မလေးအဖြစ်သရုပ်ဆောင်ထားပါတယ်...သူတို့ ဘယ်လို့တွေဆုံကြမလဲ...အချစ်ဆိုတာကရော ဘယ်လိုမျိုးလဲ...တခြားသူတွေအမြင်တစ်ခုက အရေးပါနေလား...ဆောင်းရာသီလေးမှာ စောင်ခြုံပြီး ကော်ဖီတစ်ခွက်ရဲ့ ရနံနဲ့ ရစ်မူးလို့ကောငး်မဲ့အချစ်ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zawပဲဖြစ်ပါတယ်... File Size :(1.2GB) and (550 MB) Quality : HDRip 720p Format…mp4 Duration…01:57:00 Genre ...
movie
Josée(2020)
Whispering Corridors 2 : Memento Mori (1999) 6.4
movie
1999