Channel Myanmar

Parker Hall

Little Wing (2024) 5.7
Little Wing (2024)  ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်းပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ...။မိသားစုဆိုတာဘာလဲ...၊ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကိုငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီးမိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်...။ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းကဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကိုကြားမိပါလေရော...။ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြားတာ‌ကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ...။အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာကြံပါတော့တယ်....။ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File size…1.31GB / 584MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Little Wing (2024)