Channel Myanmar

Little Wing (2024)

DramaSport

5.7
IMDB: 5.7/10 votes

25740

Report error

 

ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင်

အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်း

ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ…။

မိသားစုဆိုတာဘာလဲ…၊

ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊

အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊

ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကို

ငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့်

ကားလေးလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကတော့

ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီး

မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။

ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့

လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။

ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေ

ရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်…။

ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းက

ဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကို

ကြားမိပါလေရော…။

ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြား

တာ‌ကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ…။

အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာ

ဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာ

ကြံပါတော့တယ်….။

ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့

ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရော

ကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။

 

File size…1.31GB / 584MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 39m
Genre ….. Drama , Sport
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Themes



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Little Wing (2024)
Little Wing (2024)
Little Wing (2024)
Little Wing (2024)


No downloads available

Genres



Related movies