Channel Myanmar

Pedro Miguel Arce

Get Rich or Die Tryin’ (2005)
Get Rich or Die Tryin’ (2005)  နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်​ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Crime, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Get Rich or Die Tryin’ (2005)

The End of Sex (2022) 5.1
The End of Sex (2022) The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie

The End of Sex (2022)

2022
Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

Polar (2019) 6.3
Polar (2019) Polar (2019)____IMDb - 6.3/10  Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)    File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie

Polar (2019)

2019