Channel Myanmar

Philip Nozuka

Cosmopolis (2012) 5.1
Cosmopolis (2012)  IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / ...
movie

Cosmopolis (2012)

Carrie (2013) 5.9
Carrie (2013) Carrie (2013) IMDb - 5.9/10_____Rotten - 50%    ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ဝတ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ် အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ် အဲ့ဒီထဲမှာ Carrie လဲ အပါအဝင်ပါပဲ Carrie ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်... ---------------------------------------------------------- တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာ ကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်.. ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ? ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ် မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်.. ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီး ကလေးကို ထိုးသတ်ဖို့ လုပ်တယ် ဒါပေမယ့် ...
movie

Carrie (2013)

2013