Channel Myanmar

Rafi Gavron

Celeste & Jesse Forever (2012) 6.6
Celeste & Jesse Forever (2012)  ဒရာမာကားတွေကိုပီပီပြင်ပြင် ရင်ထဲထိအောင်သရုပ်ဆောင်နိုင်တဲ့Rashida Jones ဆိုတဲ့မင်းသမီးသရုပ်ဆောင်ထားတဲ့ ၂၀၁၂ တုန်းကထွက်ရှိထားတဲ့ Celeste & Jesse Forever ဆိုတဲ့အချစ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.6 ရရှိထားပြီးကြေကွဲစရာ အချစ်ကားလေးတွေကြိုက်တတ်တဲ့သူတွေဆိုရင်တော့ဒီကားလေးကကြည့်လို့ကောင်းမှာပါ။ကွာရှင်းတယ်ဆိုတာနဲ့လူတွေကအပူမီးတွေ အမုန်းတရားတွေကိုပဲပြေးမြင်ကြမှာပါ။ဒါပေမယ့်ဒီကားထဲမှာ တွေ့ရတဲ့ဆလက်စ်နဲ့ဂျက်ဆီဆိုတဲ့ လင်မယားကတော့ကွာရှင်းတယ်ဆိုတာကို ပျော်စရာတစ်ခုအနေနဲ့ မြင်အောင်ဖန်တီးပြသထားပါတယ်။ကွာရှင်းတော့မယ်ဆိုပေမဲ့ သူတို့နှစ်ယောက်အတူသွား အတူလာအတူစားနေကြတာတွေကိုမြင်ရတာက ချစ်လှပါချည်ရဲ့ဆိုတဲ့ အတွဲတွေတောင် အားကျရလောက်ပါတယ်။သူတို့က အိမ်ခွဲနေကြပြီး ကွာရှင်းတော့မယ်ဆိုပေမဲ့တစ်ယောက်ဆီမှာ နောက်တစ်ယောက်ရဲ့ စိတ်ကတော့ အမြဲတမ်းရောက်နေတုန်းပါ။ဒါပေမယ့် ဒီလိုပျော်ရွှင်ပြီးမခွဲနိုင် မခွာရက်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ကံကြမ္မာရဲ့အလှည့်အပြောင်းက သင်ခန်းစာပေးလိုက်တဲ့အခါမှာတော့ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ...ဆလက်စ်နဲ့ ဂျက်ဆီတို့ကြားက သံယောဇဉ်ကြိုးလေးကရောပြတ်တောက်သွားမလား အမုန်းနဲ့နှုတ်ဆက်ရမလား အချစ်နဲ့နှုတ်ဆက်ကြရမလားဆိုတာတွေကို စိတ်ခံစားချက်အပြည့်အ၀နဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…1.15GB / 535MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Celeste & Jesse Forever (2012)

Mine Games (2012) 5.3
Mine Games (2012) Mine Games (2012) ===============ဒီဇာတ်လမ်းမှာ သူငယ်ချင်းအဖွဲ့တွေ ခရီးသွားရင်း တောထဲက စံအိမ်ကြီးတစ်လုံးကိုတွေ့ခဲ့တယ်။အဲဒီအိမ်ကြီးမှာ တည်းရင်းက နောက်တော့ စွန့်ပစ်ထားတဲ့မိုင်းတွင်းတစ်ခုကိုတွေ့ပြီး အထဲဝင် ကြည့်လိုက်ကြတယ်။ မသင်္ကါစရာတွေပြည့်နေတဲ့ သူတို့နေရာ မှာ မိုင်းတွင်းကြီးကို ရှာတွေ့ပြီးတဲ့နောက် ဘယ်လိုစိတ်ချောက် ချားစရာတွေ ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ Mystery ဆန် ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ Horrorကိုမှ plotကောင်းတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.55 GB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Mine Games (2012)

2012
The Cold Light of Day (2012) 4.9
The Cold Light of Day (2012)  ဘရုစ် ဝီလီ နဲ့ စူပါမန်းမင်းသား ဟင်နရီကဗေးလ်တို့ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကို ကြည့်ဖူးပြီလား။ မကြည့်ဖူးသေးရင် ဒီမှာကြည့်လို့ရပါပြီ။ ဒီရုပ်ရှင်ထဲမှာ ဟင်နရီက ကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ့အဖေ ဘရုစ်ကတော့ သံရုံးမှာ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာကိုယ်စားလှယ်အနေနဲ့ အလုပ်လုပ်နေတဲ့သူပေါ့။ တစ်ရက်မှာတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိသားစုတွေ အားလပ်ရပ် အပမ်းဖြေဖို့ ချိန်းကြတာကြောင့် အဖေနဲ့မတည့်ပေမဲ့ မအားတဲ့ကြားက အရောက်လာပေးခဲ့ပါတယ်။ ရောက်လာပြီးတဲ့အချိန်မှာတော့ သူ့အဖေရဲ့ ဇာတ်ရှုူပ်တွေကြားထဲမှာကြားညပ်သွားပြီး ကြောက်စရာအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်File size…(1.82GB/(945MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

The Cold Light of Day (2012)

Books of Blood (2020) 5.6
Books of Blood (2020) Books of Blood (2020)ပုံမှန် horror/thriller ဇာတ်ကားမျိုးလို ဇာတ်လမ်းထက် အသံ ဇာတ်ကောင်ဦးစားပေးပြီး မကြောက်ကြောက်အောင်ခြောက်ပြီးရိုက်ထားတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ ဇာတ်လမ်း၃ပိုင်း ကို same time and space မှာရောယှက်ပြီး ရိုက်ကူးပြသွားတာပါ။Books of Blood ဇာတ်ကားကြီးက တစ်ကားလုံးကို အစကနေအဆုံးထိသေချာကြည့်မှ အရသာရှိသလို အစအဆုံး အချိန်ပေးရကျိုးလည်း တကယ်နပ်တဲ့ကားမျိုးဆိုတာ ကြည့်ဖူးပြီးသူတိုင်း ငြင်းနိုင်မယ်မထင်ပါဘူး။ တကယ်တမ်းကြောက်စရာကောင်းတာက တစ္ဆေသရဲဆိုတာတွေထက် လူတွေရဲ့ လောဘ ဒေါသတွေနဲ့ဖုံးလွှမ်းနေတဲ့ စိတ်ဓာတ်တွေပါလားဆိုတာကို ဒီရုပ်ရှင်ကနေ တစ်နည်းတစ်ဖုံခံစားမိနိုင်တယ်ဆိုလည်းမမှားပါဘူးနော်။ ထွေထွေထူးထူး အများကြီး spoil ဖြစ်လောက်တဲ့ထိ အသေးစိတ်ရေးပြီး review ပေးမယ့်အစား Books of Blood ဇာတ်ကားကြီးကိုပဲ ကိုယ်တိုင်ကြည့်ရှုခံစားကြည့်ကြပါအုံးလို့ပဲ recommend ပေးလိုက်ပါရစေ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lucy May ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Mystery Quality….WEB-DL 1080p and ...
movie

Books of Blood (2020)

Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008
A Star Is Born (2018) 8.2
A Star Is Born (2018) Ratings IMDb:8.2/10 Rotten Tomatoes:90% စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန်  ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ...
movie

A Star Is Born (2018)

2018