Channel Myanmar

A Star Is Born (2018)

A Star Is Born    

R 136 min DramaRomance

8.2
IMDB: 8.2/10 94,039 votes

, , , , , , , , ,

1 nomination.

USA

1570140

Report error

Bradley Cooper and Lady Gaga in A Star Is Born (2018)

Ratings

IMDb:8.2/10

Rotten Tomatoes:90%

စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ

ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း

စင်ပေါ်မတက်ခင် backstage မှာ

တစ်ပတ်လောက်ကလဲ ကစ်တတ်သေး

ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ

အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း

သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ

မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့

ဒီဂစ်တာတွေပေါ်မှာပဲ

သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး

ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက်

လောကကြီးက တရားပါတယ်

သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ

သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ

ကံကြမ္မာ အလှည့်အပြောင်းကြောင့်

သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု

သူသွားတွေ့မိတယ် ကိုယ်တိုင်က

အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့

မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး

အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား

သူ့ဘဝမှာဒီလိုဖြစ်တာ

ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင်

လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက

အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့

ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး

ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ

တဖွားဖွားဖြစ်လာတယ်

ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို

ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ်

တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ

အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ

ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု

တဖန်ပြန်ခံစားလိုက်ရတယ်

စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ

သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့

ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ

ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ

အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ

အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့်

ဂျက်ဆန်  ဆေးရော အရက်ပါဆွဲနေခဲ့ပြီ

တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့

မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ

မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့

အချိန်မှ ဖြစ်တတ်စမြဲပဲလေ အချစ်ဆိုတဲ့ရသ

ဂီတရဲ့ ဝိညာဉ်ကို အကောင်းဆုံးဖော်ကျူး

ထားတဲ့ ကားလေးလို့ မြင်မိပါတယ်

ဂျက်ဆန်မိန်းတဖြစ်လဲ Bradley Cooper

အယ်လီတဖြစ်လဲ Lady Ga Ga ကသရုပ်

ဆောင်ပေးထားပါတယ် အခွီကားတွေပဲအရိုက်များတဲ့ Cooper

တစ်ယောက် အခုတော့ အဆွေးသီချင်းတွေ

ဆိုတဲ့ဂစ်တာသမားကြီးကိုဖြစ်လို့ Lady Ga Ga ကတော့

ပြောစရာလိုမယ်မထင် ဒီကားလေးမှာ အထွေထူးပြောချင်တာတော့

တစ်ခုပဲရှိပါတယ် အဲ့ဒါက သီချင်းတွေပါ

သူတို့နှစ်ယောက်ရဲ့ သံယောဇဉ် သူတို့

နှစ်ယောက်ရဲ့ တွယ်တာမှု အတိမ်အနက်

ဘယ်လောက်ရှိလဲ ဆိုတာ သီချင်းတွေကပဲ

ဖော်ကျူးထားတာပါ သီချင်းတွေကအပုဒ်

တိုင်းကိုကောင်းပါတယ် အခုလိုကားမျိုးတွေ

ကျနော်အကြည့်နည်းလို့လားတော့မသိဘူး

သီချင်းနဲ့ပေးချင်တဲ့ message သရုပ်ဆောင်

နှစ်ယောက်ရဲ့ acting ပိုင်း အံဝင်ခွင်ကျ

အတော်လေး ဖြစ်တယ်လို့ မြင်မိပါတယ်

တစ်ယောက်တည်း နားကြပ်တပ်အသံကုန်ဖွင့်

ကြည့်မယ်ဆို ကျက်သီးပါ ထအောင်ကောင်း

တဲ့ ကားမျိုးပါ

ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်

စာသား အမှားများ ဘာသာပြန်အမှားများ ရှိပါက

နားလည် ဖြည့်စွတ် ကြည့်ပေးကြပါလို့

——————————————————————








ဒီဂစ်တာတွေပေါ်မှာပဲ



လောကကြီးက တရားပါတယ်









သူ့ဘဝမှာဒီလိုဖြစ်တာ






တဖွားဖွားဖြစ်လာတယ်






































တဲ့ ကားမျိုးပါ







ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)


No downloads available

Genres



Related movies