Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rajeev Jacob
6.0
The Year Between (2022)
The Year Between (2022) =================Bipolar disorder လို့ခေါ်တဲ့ စိတ်အတက်အကျမြန် စိတ်ဝေဒနာ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဇာတ်လိုက်နေရာမှာ ဝင်သရုပ်ဆောင်ထားတဲ့ Alex Heller ကလည်း bipolar disorder ရှိနေတဲ့သူတစ်ယောက်ပါ။ စိတ်အတက်အကျမြန်ရောဂါက အရှင်းပျောက်အောင်ကုလို့မရပါဘူး။ ကိုယ့်မှာဖြစ်လာရင် တစ်သက်လုံး ဒီရောဂါနဲ့ပဲယှဉ်တွဲနေသွားရပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ထိ အန္တရာယ်များတတ်ပေမဲ့ ဆေးသောက်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့၊ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရင် ပုံမှန်လူလိုနေနိုင်ပါတယ်။Alex Heller က အင်တာဗျူးတစ်ခုမှာပြောပါတယ်။ စိတ်ရောဂါနဲ့ပတ် သက်တဲ့အကြောင်းအရာတွေမှာ များသောအားဖြင့်က ရောဂါအခြေအနေ အဆိုးရွားဆုံး အမှောင်မိုက်ဆုံးကာလတွေကိုပဲ ပြသလေ့ရှိကြတဲ့အတွက် ခုကားထဲမှာ သူလိုငါလိုမထူးခြားတဲ့အချိန်တွေ ရယ်ရတဲ့အခြေအနေတွေ ကိုပါထည့်ပြီး ရိုက်ကူးထားပါတယ်တဲ့။ ဒါ့အပြင် စိတ်ရောဂါဆိုတာ ကာယ ကံရှင်တင်မကဘဲ မိသားစုကိုပါ ထိရောက်မှုတွေရှိကြောင်းကိုလည်း သိစေ ချင်ကြောင်း ပြောပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ကလမ်မန့်စ်မစ်လာဆိုတဲ့ ကောလိပ်ကျောင်းသူ လေးက သူ့မှာ bipolar ရှိမှန်း သိသွားတော့ ကျောင်းထွက်ပြီး သူ့မိဘတွေရှိ တဲ့မြို့ကို ပြန်လာနေတဲ့အချိန်မှာ အရှင်းပျောက်အောင် ကုသလို့မရတဲ့ ဒီရော ဂါက သူနဲ့သူ့မိသားစု သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုသက်ရောက်မှုရှိ ပုံတွေ၊ ...
movie
The Year Between (2022)
2022
7.8
The Big Short (2015)
The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie
The Big Short (2015)