Channel Myanmar
Raven-Symoné
Tinkerbell : Secret of the Wings (2012) 7.0
Tinkerbell : Secret of the Wings (2012) Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie
Tinkerbell : Secret of the Wings (2012)
2012
Tinker Bell and the Great Fairy Rescue (2010) 6.8
Tinker Bell and the Great Fairy Rescue (2010) Tinker Bell and the Great Fairy Rescue (2010) ================================= IMDb Rating - 6.8/10"လက်တွေ့လောကမှာ မြင်နိုင်၊ ကြားနိုင်၊ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်မှ ဖြစ်တည်မှုအစစ် " လို့ လူကြီးသူမတွေက တထစ်ချယုံကြည်နေကြချိန် ..." နတ်သမီးလေးတွေတကယ် ရှိတာပါ " ဆိုသူ ကလေးငယ်လေးတွေလည်း ရှိကြတာပေါ့။ နွေရာသီအစကိုရောက်ခဲ့ပြီ။ ပင်မနယ်မြေကို ဆောင်းကုန်ပြီး နွေကူးစေဖို့ တာဝန်ကျရာ နတ်သူငယ်တို့လည်း အသီးသီးရောက် လာကြချိန်ပေါ့။Tinkerbell တို့စခန်းချထားတဲ့နေရာနားမှာတော့ Lizzy တို့သား အဖရဲ့ နယ်ခွဲအိမ်လေးပါပဲ။ စပ်စုတတ်တဲ့ Tinkerbell ကတော့ သားအဖနှစ်ယောက်ရောက်ရောက်ချင်းမှာပဲ Lizzy အဖေရဲ့ ကား ကိုမျက်စိကျပြီး အနီးကပ်သွားကလိပါတော့တယ်။ စခန်းကိုအပြန် လမ်းမှာ မြက်ခင်းထဲက နတ်သူငယ်အရွယ်နဲ့ ကွက်တိဖြစ်နေတဲ့ အိမ်သေးသေးလေးတစ်လုံးထဲကို Tinkerbell ဝင်သွားပြီးနောက် မှာတော့ ... ပန်းလေးတွေခူးပြီးပြန်ရောက်လာတဲ့ Lizzy လည်း သူ့နတ်သမီးအိမ်တံခါးလေးလှုပ်နေတာကို တွေ့လိုက်ရတဲ့အခါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie
Tinker Bell and the Great Fairy Rescue (2010)
2010
Tinker Bell and the Lost Treasure (2009) 6.6
Tinker Bell and the Lost Treasure (2009) Tinker Bell and the Lost Treasure (2009) ============================ IMDb Rating - 6.6/10အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.72 GB) / (860 MB) / (512 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 21Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin ...
movie
Tinker Bell and the Lost Treasure (2009)
2009
Tinker Bell (2008) 6.7
Tinker Bell (2008) Tinker Bell (2008) ==============ပျောက်သွားတဲ့အရုပ်လေးတွေ မထင်မှတ်ဘဲ ပြန်ရောက်လာတတ် တာမျိုး ကြုံဖူးကြပါသလား၊ ပျက်သွားတဲ့ပစ္စည်းလေးတွေကို ပြန် ထုတ်ကြည့်တဲ့အခါ ရုတ်တရက်ပြန်ကောင်းနေတာမျိုးရော ဖြစ်ဖူး ပါသလား၊ သဘာဝတရားကြီးက လူသားတွေသိထားတဲ့နိယာမတွေနဲ့ ဆန့်ကျင်ပြီး လည်ပတ်နေတယ်ဆိုတဲ့ ရှုထောင့်လေးတစ်ခုကနေ နတ် သူငယ်တွေရဲ့ဖြစ်တည်မှုကို ချပြထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ် ပါတယ်။ရာသီအကူးအပြောင်း၊ အအေးအပူ၊ အလင်းအမှောင်၊ အရောင်အဆင်း ဒါတွေအားလုံးအတွက် အမျိုးမျိုးသောအစွမ်းတွေရှိကြတဲ့ နတ်သူငယ် တွေဟာ တစ်နှစ်တာလုံး မနားမနေပြင်ဆင်လုပ်ကိုင်ပေးကြရပါတယ်။ဇာတ်လမ်းလေးကတော့ ကိုယ်ရထားတဲ့အစွမ်းကို သဘောမကျဖြစ်ပြီး သူများတွေလိုဖြစ်အောင်ပဲ ကြိုးစားနေတဲ့ Tinker Bell ကြောင့် Pixie Hollow တစ်ခုလုံး ရိုးရာသစ်၊ စနစ်သစ်တွေ ပေါ်ထွန်းသွားရတဲ့အကြောင်း လေးပဲဖြစ်ပါတယ်။ Tinker Bell ရဲ့ မိမိပုံစံအစစ်အမှန်ကို လက်မခံနိုင် ခြင်းက Pixie Hollow တစ်ပြည်လုံးအတွက် ပျက်စီးခြင်းဖြစ်လုနီးနီး ကနေ ..... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.63 GB) / (790 MB) / (475 MB) Quality............BLU-RAY 1080p / ...
movie
Tinker Bell (2008)
2008
Doctor Dolittle (1998) 5.4
Doctor Dolittle (1998) Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie
Doctor Dolittle (1998)
1998
The Princess Diaries 2: Royal Engagement (2004) 5.8
The Princess Diaries 2: Royal Engagement (2004)  ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries  ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့  The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
The Princess Diaries 2: Royal Engagement (2004)
Animal Crackers (2017) 5.8
movie
Animal Crackers (2017)
College Road Trip(2008) 4.3
College Road Trip(2008) College Road Trip (2008)ရုပ်ကြီးမြင်တာနဲ့တင် ရယ်နေရတဲ့ ဟာသမင်းသားကြီး Martin Lawrence သရုပ်ဆောင်ထားတဲ့နောက်ထပ် College Road Trip  ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..........ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်..အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma’s Houseတို့ကိုတော့ သိမယ်ထင်ပါတယ်..အခုတစ်ခါတစ်မှာတော့ ဒီမင်းသားကြီးဟာ သားသမီးအပေါ်အရမ်းချစ်တတ်ပြီး အရွယ်ရောက်သည့်အထိ ကလေးတစ်ယောက်လို သမီးအပေါ်သဘောထားတဲ့ စိတ်ပူတတ်လွန်းတဲ့ ဖခင်တစ်ယောက်နေရာမှာသရုပ်ဆောင်ထားပါတယ်...သူ့ရဲ့ သမီးကြီးဟာ ကော်လိပ်တစ်ခုတက်ရဖို့အခွင့်အရေးရလာတယ်..ဒီကောလိပ်က သူတို့အိမ်နဲ့ဆို မိုင်(၇၀၀) ခန့်ဝေးပါတယ်....ဒါ့ကြောင့်စိတ်ပူတတ်တဲ့ ဖခင်ဟာသူ့သမီးကိုကျောင်းအထိ ကားနဲ့လိုက်ပို့ဖို့ဖြစ်လာတယ်...လမ်းခရီးအမှာအလွဲတွေနဲ့ ရယ်ရတာတွေတွေ့ရမယ့်အပြင်ဖခင်နဲ့သားသမီးအကြားဆက်ဆံရေးလေးတွေကို ကောင်းမွန်စေဖို့ ပညာသားပါပါလေးတွေပြသသွားတဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့....File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:23:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
College Road Trip(2008)
2008