Channel Myanmar

Ravi Venkatraman

Paramporul (2023) 9.2
Paramporul (2023) Paramporul (2023) - ငွေရဲ့ကျေးကျွန်များ IMDb - 9.3/10ဘဝမှာ အလိုအပ်ဆုံးအရာကဘာလဲလို့ မေးလာခဲ့ရင် အချစ်လို့ဖြေတဲ့လူရှိမယ်။ မိသားစု၊ ပျော်ရွှင်မှု၊ မေတ္တာ အစရှိသဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဘာဖြေဖြေ ကျွန်တော်တို့တွေဟာ ငွေဆိုတဲ့အရှင်သခင်ကို နေ့စဉ်ခစားနေရဆဲဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ဇာတ်လမ်းအကျဉ်းအာဒီဟာ သားကြီးတစ်ယောက်ပီပီ ရောဂါသည်းနေတဲ့ ညီမဖြစ်သူကို ဆေးကုပေးချင်စိတ်ပြင်းပြနေပါတယ်။ ဖြစ်ချင်တော့ အာဒီဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအထိ ဆာဂူနမ်ဆိုတဲ့ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးက ဆရာတစ်ဆူရဲ့လူယုံဖြစ်ခဲ့တော့ မျိုးမျိုးမြတ်မြတ်စားရပေမဲ့ ဆာဂူနမ်ကလည်းသေ အလုပ်လက်မဲ့လည်းဖြစ် ဆေးကုသစရိတ်ကလည်းထောင်းဖြစ်နေတော့ အာဒီတစ်ယောက် အကြံအိုက်နေပါပြီ။ အာဒီတစ်ယောက် ဘာလုပ်နေမှန်းမသိတဲ့ မိသားစုဝင်တွေကလည်း စိတ်ပူလို့တစ်ဖုံ အားမရလို့တစ်ဖုံ ဆူပူရေရွ‌တ်နေကြတာပေါ့။ဒီလိုနဲ့ အကြံကုန်ဂဠုန်ဆားချက်အာဒီတစ်ယောက် တွေ့ရာအိမ်တစ်အိမ်ဝင်အခိုးမှာ ကျားရှေ့‌မှောက်လျက်လဲပြီး အင်စပက်တာမိုင်သရီရန်ရဲ့အိမ်ကိုမှ တည့်တည့်ဝင်ခိုးမိတော့ ဖမ်းခံလိုက်ရပါတော့တယ်။ ထောက်လှမ်းရေးဘက်ကရထားတဲ့ သဲလွန်စကနေ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးအကြောင်းစစ်‌ဆေးမေးမြန်းရာက ကံဆုံဖို့ဖြစ်လာတဲ့ သူတို့နှစ်ယောက် ကုဋေချီတန်တဲ့ ရုပ်တုရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ...တာဝန်သိစိတ်နဲ့ မျိုးရိုးစဉ်ဆက်‌ကောင်းစားနိုင်တဲ့ မက်လောက်စရာ ငွေပမာဏကြား လွန်ဆွဲနေတဲ့ရဲအရာရှိနဲ့ ညီမဖြစ်သူကို သေခင်းတံခါးဝက ငွေထုပ်နဲ့ပေါက်ပြီးပြန်ဆွဲမယ့်အာဒီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစား အားပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ KKKZ ~ Aditi ...
movie

Paramporul (2023)

2023
Red Sandal Wood (2023) 9
Red Sandal Wood (2023) Red Sandal Wood (2023) IMDb - 9.0/102021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းအန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် ...
movie

Red Sandal Wood (2023)

2023
Maruthi Nagar Police Station(2023)
Maruthi Nagar Police Station(2023) Maruthi Nagar Police Station (2023)ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ်အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါစစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  ...
movie

Maruthi Nagar Police Station(2023)

2023
Ayngaran (2022) 6.6
Ayngaran (2022) Ayngaran (2022) ဒီတစ်ခါမှာတော့ Tamil ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်၊ စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု ရုပ်သံအကြည် ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ အပြိုင်ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ...တစ်ဖက်က သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို အရမ်းဝါသနာပါတဲ့ "မာသီ"၊ တစ်နေ့တစ်နေ့ သူ့ရဲ့ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးစားပေမဲ့လည်း ငြင်းလွှတ်ခံရတာကို အသားကျနေရတဲ့ အိပ်မက်ကြီးကြီးနဲ့ လူငယ်တစ်ယောက်၊ မတရားတာတွေ့ရင်လည်း ငြိမ်မနေနိုင်သလို လူတွေကိုကူညီပေး အကျိုးပြုပေးတတ်တဲ့သူ ...တစ်ဖက်မှာတော့ အစီအစဉ်တွေကို အကြီးအကျယ်ချထားပြီး လက်ဝတ်ရတနာဆိုင်တွေက စိန်တွေကိုမှ သီးသန့်လိုက်ဖောက်ထွင်းခိုးယူနေတဲ့ လူ ၆ ယောက်တစ်စု ...အဲ့လူ ၆ ယောက်နဲ့ "မာသီ" ဘယ်လိုတွေ့ဆုံကြမလဲ? တွေ့ဆုံရာကနေရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။Tamil ဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ကား အစကတည်းကပါတဲ့ သီချင်းမြူးမြူးလေးတွေကိုပါ လိုက်ပါခံစားလို့ရအောင် ဘာသာပြန်တင်ဆက်ပေးထားပါကြောင်း သတင်းကောင်းပါးရင်း ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size ...
movie

Ayngaran (2022)

2022