Channel Myanmar

Remy Ma

The Perfect Find(2023) 6.7
The Perfect Find(2023) The Perfect Find(2023)********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကိုတစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီးအမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ...
movie

The Perfect Find(2023)

Girl in the Closet (2023) 5.5
Girl in the Closet (2023) Girl in the Closet (2023)"အိမ်တွင်း အကြမ်းဖက်မှု" ဆိုတာ ကြောက်စရာကောင်းပါတယ် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး လူသားတွေဟာဒီလောက်တောင်ရက်စက်တတ်ကြပါလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေဟာဆိုရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာတတ် နေနိုင်စားနိုင်သူတွေအများစု ဖြစ်နေကြပါတယ်။ နောက်ပိုင်းမှာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေဖွဲ့ပြီး ပညာပေးလုပ်ဆောင်နေကြရပါတယ်။ ဒါဟာလူတွေရဲ့ကိုယ်ကျင့်တရားပျက်ပြားလာမှုတွေဖြစ်ပြီး တချို့တွေအတွက် တွေးတောင်မတွေးရဲလောက်တဲ့ အမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ နိုင်ငံခြားထွက်ပြီအလုပ်လုပ်တဲ့သူတွေ များလာတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲ ဆိုတဲ့ ကိစ္စအတွက် ကူညီပေးမဲ့အာဏာပိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေမှပညာပေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ပြီး နိုင်ငံတကာ မှလူမှုကူညီရေးအဖွဲ့များရဲ့ အကူညီရယူနိုင်ရန်ပညာပေးဖို့ပိုမိုလိုအပ်လာနေပါပြီ။ယခုဒီကားလေးမှာလဲ အိမ်တွင်းအကြမ်းဖက်မှုရဲ့အကြောင်းတွေ ကလေးငယ်တွေကို ဘယ်လိုအသုံးချပြီး လုပ်စားကြလဲဆိုတာတွေ လူတွေရဲ့ အမှောင်ခြမ်းကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးက မီယာဆိုသူ မိန်းမတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ကလေးငယ်တွေကို သွေးဆောင်ပြီး လေဝင်လေထွက်မရှိ အိမ်သာမရှိ ရေချိုးစရာမရှိ တဲ့မြေအောက်ခန်းလေးထဲမှာပိတ်လှောင်ပြီး နှိပ်စက် အစာရေစာ မကျွေး မိန်းကလေးငယ်လေးတွေကိုပြည့်တန်ဆာလုပ်ငန်းပါ အတင်းကျပ်ခိုင်းစေတဲ့ သူတစ်ယောက် ဖြစ်ပြီး အဖမ်းခံထားရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ရိုက်ပြထားပြီး ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးစားကြသလဲဆိုတာ ...
movie

Girl in the Closet (2023)

2023