Channel Myanmar

The Perfect Find(2023)

ComedyDramaRomance

6.7
IMDB: 6.7/10 23568 votes

25696

Report error

The Perfect Find(2023)

**********************
ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို

တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး

အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။

ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊

အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။
အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော

အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။

ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။

File Size :(1.2GB)& (546MB)
Quality :WEB-DL1080P,720p
Format…mp4
Duration…01:39:00
Genre : Drama , Comedy , Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ko Myo
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Perfect Find(2023)
The Perfect Find(2023)
The Perfect Find(2023)


No downloads available

Genres



Related movies