Channel Myanmar

Rob Collins

Arthur the King (2024) 7.2
Arthur the King (2024)  မင်းသားကြီး Mark Wahlberg နဲ့ Shang-Chiမင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating အတော်လေးကောင်းတဲ့Sport Drama ကားကောင်းလေးဖြစ်ပါတယ်ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ကားပါ..ဇာတ်လမ်းအညွှန်းကတော့..လှေလှော်၊ တောင်တက်, မာရသွန် စက်ဘီးစီး..စတဲ့ ၅ မျိုုးစုံစွန့်စားခန်းခရီးကြမ်းပြိုင်ပွဲကို နှစ်စဉ် နိုင်ငံအနှံ့မှာကျင်းပကြပြီးနိင်ငံကိုယ်စားပြုအသင်းတွေက ၄ ယောက်တစ်ဖွဲ့စီနဲ့၅ ရက်တာ ယှဉ်ပြိုင်ကြပါတယ်..ဒီပြိုင်ပွဲကို ၁၉ နှစ်တိတိယှဉ်ပြိုင်ခဲ့တဲ့ မိုက်ကယ်ဟာနာမည်ကြီးထမင်းငတ်ပါပဲ...ထိပ်တန်း အဆင့် ၁၀ ထဲအမြဲဝင်ခဲ့ပေမယ့် ချန်ပီယံဆုကိုရခဲ့ခြင်းတစ်ကြိမ်မှ မရှိပါဘူး..အိမ်ထောင်ကျ ကလေးတွေရပြီးနောက်ပိုင်း အသက်အရွယ်ရလာလို့ ဒီအားကစားကိုစွန့်လွှတ်လိုက်ပေမယ့်..ပြိုင်ပွဲ တစ်နှစ်ပြီးကျင်းပတိုင်း သူ့စိတ်ထဲက ဝါသနာပိုးကထိန်းမရပါဘူး ဒီလိုနဲ့ တစ်နှစ်မှာ သူ့အရင်နယ်ပယ်ထဲကမိတ်ဆွေ‌တွေကို ပြန်လည်စုစည်းပြီး...နောက်ဆုံးတစ်ကြိမ်ဝင်ပြိုင်ဖို့ဖြစ်လာရင်းနဲ့ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ခွေးလေးအာသာနဲ့လည်း တွေ့ရှိခဲ့ပါတယ်..ဒီခွေးလေးကို ပြိုင်ပွဲတွင်းမှာပဲ မွေးစားပြီး သူတို့ပြိုင်ပွဲအနိုင်ရဖို့အဓိကသော့ချက်ဖြစ်လာပါတယ်... File size…(4.8 GB) / 2.28GB , 1.1GB Quality…WEB-DL 4K HEVC/1080p 5.1CH ...
movie

Arthur the King (2024)

4K HEVC
Five Blind Dates (2024)
Five Blind Dates (2024) Five Blind Dates (2024)ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ... လက်တွဲဖော်ရောရှာတွေ့ပါ့မလား... လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား... ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.2GB, 1.6GB, 850MB Quality - 4K HEVC, 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - ...
movie

Five Blind Dates (2024)

2024
4K HEVC
Scarygirl (2023) 6.2
Scarygirl (2023)  ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီးanimation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Scarygirl (2023)

Limbo (2023) 6.3
Limbo (2023) Limbo (2023) ===========IMDb Rating 6.3, Rotten Tomatoes 96% ရရှိထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ Australia နိုင်ငံက ရိုက်ကူးထုတ်လုပ်တာမို့ မြင်နေကြ Hollywood ရုပ်ရှင်တွေနဲ့ ကွဲပြားပါတယ်။ ထို့အပြင် အဖြူအမည်းနဲ့ပဲ တင်ဆက် ထားတဲ့အတွက် အမြင်ထူးခြားနေပါတယ်။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ‌ကောင်းတယ် မကောင်းဘူး ဖြစ်သွားနိုင်တဲ့ ဇာတ်ကား လို့ပဲညွှန်းဆိုချင်ပါတယ်။ တကယ်လို့ Slow burn ဖြစ်တဲ့ Crime/ Drama/Mystery ရုပ်ရှင်မျိုးကြိုက်တယ်ဆိုရင် ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ က ပျောက်ဆုံးသွားတဲ့ ရှားလက် ဆိုတဲ့ လူမည်း ကောင်မလေးအမှုကို ပြန်လည်စုံစမ်းသုံးသပ်ဖို့ မြို့ငယ်လေးကို ထရာဗစ်ဟာလီဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပါတယ်။ မြို့လေးကိုလာရောက်စုံစမ်းရင်း ကားထဲက ပစ္စည်းတွေ အခိုးခံရကာ မြို့ကို မပြန်နိုင်ဘဲသောင်တင်သွားပါတော့တယ်။ ဒီလိုနဲ့ ထရာဗစ် တစ်ယောက် အမှုကို ပြန်လည်သုံးသပ်ဖို့အချိန်ရသွားပါတော့တယ်။ ဒီမှာသူတွေ့လိုက်ရတာက လူမျိုးရေးခွဲခြားမှုတွေ ကြားမှာ ဘယ်လို တွေဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ . ကျန်တာတော့ဇာတ်ကားထဲမှာ ဆက် လက်ကြည့်ရှု့ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်)File Size..........(1.37 GB) ...
movie

Limbo (2023)

2023
The Drover’s Wife: The Legend of Molly Johnson (2021) 6.3
The Drover’s Wife: The Legend of Molly Johnson (2021) The Drover's Wife: The Legend of Molly Johnson (2021)၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်..... လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Rotten tomatoes 81% နဲ့ IMDb rating ...
movie

The Drover’s Wife: The Legend of Molly Johnson (2021)

2021
Angel of Mine (2019) 6.9
Angel of Mine (2019) ဒီဇာတ်ကား​လေးက​တော့မိသားစုဒရမ်မာလျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကား​ကောင်းလေးပါလစ်ဇီဆိုတဲ့အမျိုးသမီးဟာ​ယောက်ျားနဲ့ကွာရှင်းထားပြီး​​သောမက်စ်ဆိုတဲ့သား​လေးတစ်​ယောက်ခဲ့ရှိတယ်တကယ်​တော့သူတို့မိသားစု​လေးမှာသမီး​လေးတစ်​ယောက်ရှိခဲ့တာ​​ပေါ့ဒါ​ပေမယ့်စိတ်မ​ကောင်းစရာအဖြစ်က​တော့​မွေးပြီးမကြာခင်မှာမ​တော်တဆမှုဖြစ်ပြီး​သေဆုံးသွားခဲ့ပါတယ်သူမဟာသမီး​လေးဆုံးရှုံးခဲ့တဲ့အတွက်စိတ်​ဝေဒနာခံစားရပြီး​တော့​ဆေးကုသမှုခံယူ​နေခဲ့တာ​ပေါ့တ​နေ့​တော့​ သောမက်စ်သူငယ်ချင်း​မွေး​နေ့ပွဲမှာလိုလာလို့​ခေါ်တဲ့က​လေးမ​လေးတစ်​ယောက်နဲ့​တွေ့ဆုံမိပြီးသူမရဲ့စိတ်​တွေလှုပ်ရှားခဲ့တယ်လိုလာ​လေးဟာ​သောမက်စ်သူငယ်ချင်းရဲ့ညီမ​လေးဖြစ်​နေခဲ့တယ်လိုလာတို့မိသားစု​နောက်ကိုတိတ်တဆိတ်လိုက်ကြည့်ရင်းသူမတို့အိမ်ဟာ​ရောင်းဖို့လုပ်​နေ​တော့လစ်ဇီအတွက်​အခွင့်အ​ရေးတခုဖြစ်ခဲ့တာ​ပေါ့ဒီလိုနဲ့ လိုလာတို့မိသားစုကိုချင်းကပ်ခဲ့တာ​ပေါ့​သောမက်စ်သူငယ်ချင်းရဲ့မိသားစုလည်းဖြစ်​တော့ပိုပြီးလွယ်ကူသွားတာ​တော့​နောက်ပိုင်းမှာလစ်ဇီဟာသူမတို့မိသားစုနဲ့မိတ်​ဆွေလိုဖြစ်ခဲ့ပြီးသူမ​နောက်ကိုမသိမသာလိုက်​စောင့်ကြည့်ခဲ့တာ​ပေါ့သူ့သမီး​လေးလို့ထင်ပြီး​တော့​လေဒါကိုလိုလာအ​မေကလယ်ရာကရိပ်မိလာခဲ့တယ်ဒါနဲ့ပဲ လစ်ဇီနဲ့ကလယ်ရာတို့နှစ်​ယောက်သမီး​လေးကိစ္စနဲ့စကားများခဲ့ကြတာ​ပေါ့လစ်ဇီဟာမ​တော်တဆမှုမှာသူ့သမီး​လေးမ​သေခဲ့ဘူးအသက်ရှင်ခဲ့တယ်လို့ကိုယုံကြည်​နေတာ​ပေါ့ ဒီကိစ္စ​တွေနဲ့ပဲသူမရဲ့မိသားစုနဲ့ပါစကားများခဲ့တာ​ပေါ့တကယ်ပဲလိုလာ​လေးဟာ လစ်ဇီထင်တဲ့အတိုင်းမ​သေခဲ့ဘဲအသက်ရှင်​နေခဲ့တဲ့သမီး​လေးဖြစ်​နေမလားကလယ်ရာရဲ့သမီး​လေးပဲဖြစ်​နေမလားဆိုတာကို​တော့လျှို့ဝှက်ဆန်းကြယ်စွာကြည့်ရှု့ရမှာပါ File Size : (921 MB , 336 MB)Quality :  WEB-DL 720pRunning Time : 2 hr 09 minFormat : Mp4Genre : Drama , Mystery , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by  Hsu LeiEncoded by Moe Myint Lwin
movie

Angel of Mine (2019)

2019
Top End Wedding (2019) 6.4
Top End Wedding (2019) မင်္ဂလာဆောင်ဖို့အသည်းအသန်တွေစီစဉ်ပြီးမနက်ဖြန်ဆောင်တော့မယ်ဆိုမှဒီနေ့လက်ထပ်ပွဲပျက်သွားပြီဆိုတဲ့ခံစားချက်ကြီး....နက်နဲ့လော်ရန်တို့စုံတွဲကအရမ်းကိုချစ်ကြတဲ့လူဖြူလူမည်းစုံတွဲဖြစ်ပြီးတစ်ရက်မှာရုတ်တရက်ဆိုသလို လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်လော်ရန်တစ်ယောက်ကသူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ဒါဝင်မြို့ကိုပြန်ပြီးသူ့မိဘတွေစုံစုံညီညီနဲ့မင်္ဂလာပွဲလုပ်ချင်တယ်လို့ပြောတဲ့အခါမှာနှစ်ယောက်အတူမင်္ဂလာပွဲလုပ်ဖို့ဒါဝင်မြို့ကိုပြန်လာခဲ့ပါတယ်ဒါပေမယ့်လော်ရန်စိတ်ကူးထားတဲ့အတိုင်းဖြစ်မလာခဲ့ပဲသူ့မိခင်ဖြစ်သူကသူတို့ကိုစိတ်ဆိုးပြီး အိမ်ကထွက်သွားတယ်လို့သိလိုက်ရတဲ့အချိန်...သူ့မိဘတွေကလည်းသူတို့စုံတွဲလိုအဖြူအမည်းစုံတွဲပဲဖြစ်ပြီးတော့သူ့အမေကမွေးရပ်မြေဖြစ်တဲ့လူမည်းတွေရဲ့ကျွန်းစွယ်ကနေမိဘတွေကိုဆန့်ကျင်ပြီးလူဖြူနဲ့လက်ထပ်ဖို့ထွက်လာခဲ့တဲ့နောက်ကြောင်းအလုံးစုံကိုလော်ရန်တစ်ယောက်သူ့အမေကိုလိုက်ရှာရင်းသိလိုက်ရတဲ့အခါ....သူ့အမေကိုလိုက်ရှာရင်းပဲသူတို့နှစ်ယောက်ရဲ့အဆင်မပြေမှုတွေပေါ်လာပြီးလက်ထပ်ဖို့ဖျက်သိမ်းတဲ့ထိတွေဖြစ်လာတဲ့အခါ....သူတို့နှစ်ယောက်အဆင်ပြေပြေနဲ့လက်ထပ်ပွဲလေးဖြစ်သွားမလား...သူ့အမေကိုရောရှာတွေ့နိုင်မလား...သူ့မိဘတွေကရောပြန်ပြီးသင့်မြတ်မလားဆိုတာ...ဒီကားလေးကဒရမ်မာဆန်ဆန်လေးနဲ့လူဖြူလူမည်းကြားကရိုးရာဓလေ့တွေကိုသေချာလေးရိုက်ကူးပြထားတာဖြစ်ပါတယ် File Size : (953 MB) & (180 MB)Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Top End Wedding (2019)

2019