ဒီဇာတ်ကားလေးကတော့မိသားစုဒရမ်မာလျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကားကောင်းလေးပါ
လစ်ဇီဆိုတဲ့အမျိုးသမီးဟာယောက်ျားနဲ့ကွာရှင်းထားပြီးသောမက်စ်ဆိုတဲ့သားလေးတစ်ယောက်ခဲ့ရှိတယ်
တကယ်တော့သူတို့မိသားစုလေးမှာသမီးလေးတစ်ယောက်ရှိခဲ့တာပေါ့
ဒါပေမယ့်စိတ်မကောင်းစရာအဖြစ်ကတော့မွေးပြီးမကြာခင်မှာမတော်တဆမှုဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်
သူမဟာသမီးလေးဆုံးရှုံးခဲ့တဲ့အတွက်စိတ်ဝေဒနာခံစားရပြီးတော့
ဆေးကုသမှုခံယူနေခဲ့တာပေါ့
တနေ့တော့ သောမက်စ်သူငယ်ချင်းမွေးနေ့ပွဲမှာ
လိုလာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်နဲ့တွေ့ဆုံမိပြီးသူမရဲ့စိတ်တွေလှုပ်ရှားခဲ့တယ်
လိုလာလေးဟာသောမက်စ်သူငယ်ချင်းရဲ့ညီမလေးဖြစ်နေခဲ့တယ်
လိုလာတို့မိသားစုနောက်ကိုတိတ်တဆိတ်လိုက်ကြည့်ရင်း
သူမတို့အိမ်ဟာရောင်းဖို့လုပ်နေတော့လစ်ဇီအတွက်အခွင့်အရေးတခုဖြစ်ခဲ့တာပေါ့
ဒီလိုနဲ့ လိုလာတို့မိသားစုကိုချင်းကပ်ခဲ့တာပေါ့
သောမက်စ်သူငယ်ချင်းရဲ့မိသားစုလည်းဖြစ်တော့ပိုပြီးလွယ်ကူသွားတာတော့
နောက်ပိုင်းမှာလစ်ဇီဟာသူမတို့မိသားစုနဲ့မိတ်ဆွေလိုဖြစ်ခဲ့ပြီး
သူမနောက်ကိုမသိမသာလိုက်စောင့်ကြည့်ခဲ့တာပေါ့
သူ့သမီးလေးလို့ထင်ပြီးတော့လေ
ဒါကိုလိုလာအမေကလယ်ရာကရိပ်မိလာခဲ့တယ်
ဒါနဲ့ပဲ လစ်ဇီနဲ့ကလယ်ရာတို့နှစ်ယောက်သမီးလေးကိစ္စနဲ့စကားများခဲ့ကြတာပေါ့
လစ်ဇီဟာမတော်တဆမှုမှာသူ့သမီးလေးမသေခဲ့ဘူး
အသက်ရှင်ခဲ့တယ်လို့ကိုယုံကြည်နေတာပေါ့ ဒီကိစ္စတွေနဲ့ပဲသူမရဲ့မိသားစုနဲ့ပါစကားများခဲ့တာပေါ့
တကယ်ပဲလိုလာလေးဟာ လစ်ဇီထင်တဲ့အတိုင်းမသေခဲ့ဘဲ
အသက်ရှင်နေခဲ့တဲ့သမီးလေးဖြစ်နေမလား
ကလယ်ရာရဲ့သမီးလေးပဲဖြစ်နေမလားဆိုတာကိုတော့
လျှို့ဝှက်ဆန်းကြယ်စွာကြည့်ရှု့ရမှာပါ
File Size : (921 MB , 336 MB)
Quality : WEB-DL 720p
Running Time : 2 hr 09 min
Format : Mp4
Genre : Drama , Mystery , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hsu Lei
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။