Channel Myanmar

Robert Foulk

Rebel Without a Cause (1955) 7.6
Rebel Without a Cause (1955) IMDb Rating (7.3) / Rotten Tomatoes (93%)James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ.... သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်... ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကား East of Eden (1955) ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ ...
movie

Rebel Without a Cause (1955)

4K HEVCHDR
East of Eden (1955) 7.8
East of Eden (1955) East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie

East of Eden (1955)

1955
Singin’ in the Rain (1952) 8.3
Singin’ in the Rain (1952) Singing in the Rain (1952) IMDb (8.3) / Rotten Tomatoes (100%) / Metacritic (99%)  ဒီရုပ်ရှင်နာမည်ကို မကြားဖူးကြရင်တောင် Good Morning ပေါင်မုန့်ကြော်ငြာသီချင်းကိုတော့ အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီသီချင်းဟာ ဒီ Singing in the Rain ရုပ်ရှင်ကနေ ကော်ပီကူးထားတာပါ။ ၁၉၅၂ က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၁၉၂၇ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အသံတိတ်ရုပ်ရှင်ကနေ အသံပါဝင်လာတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့ ဟောလိဝုဒ်ပတ်ဝန်းကျင်အကြောင်းကို အဓိက ရိုက်ကူးပြထားတဲ့ Musical ကားတစ်ကားဖြစ်ပါတယ်။Singing in the Rain ရုပ်ရှင်မှာတော့ အောင်ခြေသိမ်းသဝကနေ နိုင်ငံကျော်မင်းသားကြီးဖြစ်လာတဲ့ ဒွန်လော့ခ်ဝုဒ်နဲ့ နာမည်ကျော်မင်းသမီးကြီး လီနာလာမွန့်၊ ဒွန်ရဲ့အခင်ဆုံးသူငယ်ချင်း ကော့စမိုအပြင် ဒွန်နဲ့လာမွန့်ကြားရောက်ရှိလာတဲ့ ကေသီတို့ ပါဝင်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်ကြီးတွေက အသံတိတ်ရုပ်ရှင်ခေတ်တုန်းက စကားပြောချင်ရာပြောပြီး အက်တင်တွေကိုလဲ ...
movie

Singin’ in the Rain (1952)

1952