Channel Myanmar

Sawanee Utoomma

Mayhem! (2023) 6.3
Mayhem! (2023) Mayhem 2023 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size….. 1.8GB | 962MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Mayhem! (2023)

2023
Postman (2023) 5.5
Postman (2023) ခေတ် ၄ ခေတ် ရဲ့ စာချွန်ရှင် (၂၀၂၃)စာတိုက်ကနေပို့တဲ့စာတစ်စောင် လူတွေအချင်းချင်း ဆက်သွယ်နေတဲ့စာရွက်တစ်ရွက်ဟာ သာမန်စာရွက်ဖြူတစ်ရွက်ပဲမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတဲ့စာတစ်စောင်ပါပဲ။ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်‌ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒိုဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ အချစ်‌မေတ္တာ၊ အမုန်း၊ သံယောဇဉ်၊ သစ္စာတရား အစရှိသဖြင့် ရသစုံလင်အောင် ခံစားရမှာမလို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Postman (2023)

2023
The Creator (2023)
The Creator (2023) The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်း‌အောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie

The Creator (2023)

2023
4K HEVC
Riam Fighting Angel (2020) 54
Riam Fighting Angel (2020) Riam Fighting Angel (2023)တောသူမလေးအီလျမ်းက ဦးစားပေးမခံရတာကြောင့် အစ်မဖြစ်သူရမ်ကို မနာလိုအူတိုနေတဲ့ကလေးမလေးပါ သူ့အမေက အစ်မရမ်လောက် သူ့ကိုမချစ်ဘူးဆိုပြီး အားငယ်နေတတ်တဲ့သူလေးပေါ့တစ်နေ့ကျ အပျိုစင်ရှာပုံတော်ထွက်နေတဲ့သွားနီဓားပြတစ်အုပ် အီလျမ်းကိုလာဖမ်းကြပါတယ် အမေနဲ့အစ်မဖြစ်သူ လျမ်းကိုကာကွယ်ပြီး အဖမ်းခံလိုက်တာကို မြင်ရတော့ အီလျမ်းက သူချစ်တဲ့မိသားစုကို သွားကယ်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ် အီလျမ်းက သူ့အပေါင်းအဖော်လေးဦးနဲ့အတူ တောကျိုးတောင်ကြားကို အန္တရာယ်မျိုးစုံကြုံပြီး ဖြတ်သန်းလာခဲ့ပြီးနောက် ဓားပြလက်ထဲကနေ သူ့မိသားစုကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်ပြီး ဓားပြဗိုလ်ကို ဘယ်လိုအပြတ်ရှင်းခဲ့ကြမလဲဆိုတာတော့ဒီရုပ်ရှင်ထဲမှာ ဟာသအလွဲများစွာနဲ့ အီလျမ်းတို့အုပ်စုကို မငြီးငွေ့ဘဲ ကြည့်ရှုရမှာဖြစ်ပါတယ်အညွန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... Aaron
movie

Riam Fighting Angel (2020)

2020
Thunder Monk (2023) 6.3
Thunder Monk (2023) Thunder Monk (2023)ဦးဇင်းကျစ် အဖြစ် Oat Paramote Pathan ပတ်ပေါင့် အဖြစ် Pop PongKool Suebsung ဂျုံ အဖြစ် Fon Sananthachat ဝိုင် အဖြစ် Carissa Springgettဇာတ်လမ်းအကျဉ်းအတိတ်ဘ၀ တုန်းက ဘုန်းဘုန်းကျစ်နဲ့မှော်ဆရာပတ်ပေါင်တို့က သိပ်ကိုချစ်ကြတဲ့ လင်မယားတွေပါ ဒီဘ၀မှာ နှစ်ယောက်လုံးက ယောကျာ်းလေးအဖြစ် မွေးဖွားလာပါသော်လည်း အတိတ်ဘ၀တုန်းက ပတ်ပေါင့် ဘုန်းဘုန်းကျစ်အစား အသေခံပေးခဲ့ပါတယ်ဒီအတွက် ဘုန်းဘုန်းကျစ်က ပတ်ပေါင့်ပြုသမျှ ၀ဋ်ကြွေးတွေကို သူခံယူပါ့မယ်လို တောင်းဆုပြုခဲ့ပါတယ် ဆိုတော့ ဘုန်းဘုန်းကျစ် အတိတ်တုန်းက သူ့မိန်းမဖြစ်ခဲ့တဲ့ မှော်ဆရာပတ်ပေါင့်ဆီကို ၀ဋ်ကြွေးလွှတ်မြောက်အောင် လုပ်ဖို့ သွားပါတော့တယ် ဖြစ်ချင်တော့ ဒီဘ၀မှာ မှော်ဆရာပတ်ပေါင့်က ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်ရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုထားပါတယ်သို့ပေမဲ့ သူ့စကားကို မတည်နိုင်ဘဲ နောက်ကောင်မလေး တစ်ယောက်ကို ချစ်ကြိုက်သွားပါတယ် သူ့ကျိန်စာကြောင့် မိုးကြိုးက မှော်ဆရာကို ပစ်ရမယ့်အစား အတိတ်ဘ၀က ဘုန်းဘုန်းကျစ်ရဲ့ တောင်းဆုကြောင့် ဘုန်းဘုန်းကိုပဲ ပစ်မှာပါ ဆိုတော့ ဘုန်းဘုန်းကျစ် မှော်ဆရာကို ...
movie

Thunder Monk (2023)

2023
The Murderer (2023) 6.5
The Murderer (2023) The Murderer (2023)နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ဇာတ်လမ်းအကျဉ်းထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Mystery, Thriller Quality…. 1080p | 720p File ...
movie

The Murderer (2023)

2023
The Rocket Angels (2022)
The Rocket Angels (2022) The Rocket Angels (2022)အဆင်သင့်မဖြစ်ခင် ကြိုးစားရတာက မကြိုးစားဘဲအရှုံးပေးလိုက်ထက် ပိုကောင်းတယ်မဟုတ်လားယဆိုထောင်းပြည်နယ်မှာ ရိုးရာမီးဒုံးလွှတ်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ဒီတစ်ခါမှာ နတ်သမီးအဖွဲ့ဖြစ်တဲ့ မို၊ သဲသဲ၊ ပွမ့်၊ မြောင်နဲ့ နွိုင်းတို့ ၅ယောက်က ခရိုင်ကိုယ်စားပြုအကပြိုင်ကြမှာဖြစ်ပါတယ်ဒါပေမယ့် ရွာလူကြီးထစ်က သူ့သမီးကိုပေးပြိုင်မှာ​ကြောင့် နတ်သမီးအဖွဲ့က မတရားသဖြင့် နောက်ဆုတ်ပေးလိုက်ရပါတယ်ဒါကြောင့် သူတို့က မဟာထစ်ရဲ့အချစ်တော်မီးဒုံးကို ပြိုင်ပွဲမှာအနိုင်ပိုင်းဖို့ မီးဒုံးပြုလုပ်ပြီးဝင်ပြိုင်ကြဖို့ဆုံးဖြတ်ကြရာမှာ တစ်ခါမှမီးဒုံးမလုပ်ဖူးကြတဲ့ သူတို့ငါးယောက်ရဲ့အခက်အခဲမျိုးစုံကို ဟာသပေါင်းစုံနဲ့ရောယှက်ပြီး အူတက်​နေအောင် ရယ်ရမှာဖြစ်သလိုဒီဇွဲရှိလှတဲ့နတ်သမီးအဖွဲ့လေးက ပြိုင်ပွဲမှာရော မဟာထစ်ဆိုတဲ့လူဆိုးရဲ့မီးဒုံးကိုအနိုင်ရသွားမလားဆိုတာ အဆုံးသတ်ကိုလည်း စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.86GB | 1GB | 453MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

The Rocket Angels (2022)

2022
Happy Ending (2022) 7.1
Happy Ending (2022) Happy Ending (2022)အချစ်ရဲ့ဆုံဆည်းခြင်း ပုံစံအမျိုးမျိုးရှိပေမယ့် အဆုံးသတ်ကျ အမြဲတစေ Happy Endingsဖြစ်နေနိုင်မလားဒီအချစ်ဟာသဇာတ်လမ်းလေးမှာတော့ စာရေးဆရာဒီရုန်နဲ့ ဘူဝါတို့တွေ့ဆုံမှုကို အခြေခံထားပြီး " မျက်နှာချင်းဆိုင်တိုက်ခန်းကတစုံတယောက်" ဆိုတဲ့ ကျင်နဲ့ဒုမ်တို့ရဲ့ဇာတ်လမ်း "ဘေးချင်းကပ်အိမ်ကတစုံတယောက်"ဆိုတဲ့ တာနဲ့ချာယိန်တို့ရဲ့ဇာတ်လမ်း " မုန်းနေတဲ့တစုံတယောက် " ဆိုတဲ့ အော့ဝ်နဲ့ အနာဂတ်ကလျှို့ဝှက်ကောင်မလေး "လျို့ဝှက်ပိုးပန်းချက်အချို့" ဆိုတဲ့ စီရာနဲ့ကျာတို့ရဲ့ ဇာတ်လမ်းစတဲ့ အတွဲ၅တွဲရဲ့မတူညီ​ေသာဆုံဆည်းခြင်းတွေကို အဓိပ္ပါယ်ဖွင့်ထားတဲ့ Jaifu stoyဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲမှာ ဇာတ်လမ်းအဆုံးသတ်ရဲ့ဖြစ်စဥ်ကို ဟာသမျိုးစုံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1GB | 628MB | 349MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

Happy Ending (2022)

2022
The Medium (2021) 6.9
The Medium (2021) The Medium (2021)မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့ ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စုမိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါအစ်မကြီးနွိုင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို့ ဖြစ်လာပါတယ်။ သို့ပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့ သူလွန်ရင်.... နောက်ထပ်ဆက်ခံရမယ့်သူဟာ ဘယ်သူဖြစ်လာမှာလဲ။မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ နွိုင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖို့ကို ခါးခါးသီးသီးဖြစ်နေတဲ့အခါ.... ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို့ ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။အစဉ်အလာကြီးတဲ့ ကိုးကွယ် ယုံကြည်မှု ဓလေ့ထုံးတမ်းတွေ ထိုင်း နတ်ဝင်သည်တွေရဲ့ ဘဝအစိတ်အပိုင်းတွေကို ထဲထဲဝင်ဝင် ရိုက်ကူးပြသထားတဲ့အပြင်One Day, Heart Attackစတဲ့ နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ထိုင်းနာမည်ကြီးဒါရိုက်တာBanjongနဲ့The Wailing ကဲ့သို့သော ကိုးရီးယားနာမည်ကြီး Horrorကားရဲ့ ပဲ့ကိုင်ရှင် Na Hong-Jinတို့ရဲ့ပထမဆုံး Collabလုပ် ရိုက်ကူးထားတဲ့ ဇာတ်ကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ဒါ့အပြင် ထိုင်းမှာ ကပ်ရောဂါအခြေအနေကြောင့် ...
movie

The Medium (2021)