Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Stevens
6.5
Jockey (2021)
Jockey (2021)~ IMDb - 6.5/10, Rotten Tomatoes - 93% ~Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama ...
movie
Jockey (2021)
2021
6.7
Ray & Liz (2018)
2018ထွက် Ray and Liz ဆိုတဲ့ ရုပ်ရှင်ဟာ Richard Billingham ရေးသားရိုက်ကူခဲ့တဲ့ British Drama ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားဟာ ြဗိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ ခေတ်အတွင်း Black Countryနယ်မှာ ကြီးပြင်းလာရတဲ့ Billinghamရဲ့ အကျပ်အတည်းမျိုးစုံနဲ့ ငယ်ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိက ကတော့ သူ့ရဲ မိဘတွေဖြစ်ကြတဲ့ Ray နဲ့ Lizတို့ရဲ့ ဆကိဆံရေးနဲ့ ဒီမိဘတွေရဲ့ လုပ်ရက်တွေက Billinghamနဲ့ သူ့ညီ Jasonအပေါ် ဘယ်လိုသက်ရောက်စေတယ်ဆိုတာကို ရိုက်ပြထားတာပါ ဒရာမာကားကောင်းကြိုက်သူတို့ အကြိုက်တွေ့စေမယ့် ဇာတ်ကားပဲဖြစိပါတယ် Translated By : Archi Thangyi Encoded By : XCode Review By : Chanyein Soe
movie
Ray & Liz (2018)
2018