Channel Myanmar

Scott Thomas

October Sky (1999) 7.8
October Sky (1999)  IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။"ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား"အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို ...
movie

October Sky (1999)

Remember the Titans (2000) 7.8
Remember the Titans (2000) Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစား‌မှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကား‌လေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှု‌ပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie

Remember the Titans (2000)

2000
4K HEVCHDR
The Creator (2023)
The Creator (2023) The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်း‌အောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie

The Creator (2023)

2023
4K HEVC