Channel Myanmar

4K HEVCHDR Remember the Titans (2000)
Report error

Remember the Titans (2000)

BiographyDramaSport

7.8
IMDB: 7.8/10 votes

528055

Report error

Remember the Titans (2000)

“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ
အတော်ဆုံးကစားသမားကတော့ ကစား‌မှာပဲ”
မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကို
CM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကား‌လေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှု‌ပြင်းထန်ဆဲကာလဖြစ်တဲ့
၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့
တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့
လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့
American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့
ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်…
တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က
လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက်
လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။
အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို
ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး
တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့
လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။
ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ်
လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။
 လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ
အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက်
ဘယ်လိုဖြေရှင်းကြမလဲ…
လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ…
သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ
အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို
IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး
ဆုပေါင်း ၈ ခုနဲ့ Nominations ၁၇ ခု ရရှိထားတဲ့
ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်…
File size…   11 GB /   2.8 GB /   1.1 GB
Quality… BluRay 4K HDR / 1080p / 720p
Format… mp4
Duration…. 1h 53m
Genre …..  Sport , Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Benni


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Remember the Titans (2000)
Remember the Titans (2000)
Remember the Titans (2000)
Remember the Titans (2000)
Remember the Titans (2000)
Remember the Titans (2000)
Remember the Titans (2000)


No downloads available

Genres



Related movies