Channel Myanmar

Sharon Landry

Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

Parker (2013) 6.2
Parker (2013) Parker (2013) IMDb - 6.2/10_____Rotten - 41%   Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်...... အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်.... ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်.... လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်..... ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ...
movie

Parker (2013)

2013